နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ ရဟတ်ယာဉ် ဝယ်ယူ ငှားရမ်း ပြုပြင်ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၅ မှုကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးက အပြီးသတ်အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဂတိမှု ၅ မှုမှာ ၄ မှုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ ၁၂ နှစ် တစ်ပေါင်းတည်း ကျခံရမှာ ဖြစ်တာကြောင့် စုစုပေါင်း ၃ နှစ်၊ ကျန်တဲ့ တစ်မှုဖြစ်တဲ့ ရဟတ်ယာဉ် ဝယ်ယူမှု အတွက်က ၄ နှစ်ဖြစ်တာကြောင့် စုစုပေါင်း ၇ နှစ် ချမှတ်ခဲ့တာ လို့ သိရပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုဆင် တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှု အတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိလာပြီး သမ္မတဦးဝင်းမြင့် ကလည်း အမှုပေါင်း ၈ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်အထိ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။