ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်၍ အပတ်စဉ် ကြာသပတေးည (၇) နာရီအချိန်တွင် Episode များဖြင့် Zoom platform ကို အသုံးပြု၍ အခမဲ့မျှဝေပေးသွားရန် စီစဉ်ထားရှိတယ်လို့ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ထုတ်ပြန်ထားပါတယ်။
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တက်ရောက်နေကြတဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတွေကို ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ပညာသင်ဆုအကြောင်းအရာတွေကို ချိတ်ဆက်ပြောပြပေးသွားမယ်။ ဒါ့ပြင် ကြားကာလပညာရေးမှာ ကျောင်းသားတွေအတွက်လည်း အထောက်အကူဖြစ်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပြောပြပေးဖို့ ရှိတယ်
လို့ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူက ပြောပါတယ်။
ပညာသင်ယူခွင့် ဆုံးရှုံးမှုမရှိစေဖို့ ကြားကာလပညာရေးမှာ တက္ကသိုလ်နောက်ဆုံးနှစ်ကို ဆက်တက်နိုင်ခဲ့တယ်။ ဒါ့ပြင် အခုလို ပညာသင်ဆုတွေ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ချိတ်ဆက်ပေးတဲ့အတွက် ကျွန်တော်တို့လူငယ်တွေ ပိုအားရှိစေတယ်
လို့ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ပြောပါတယ်။
၂၀၂၂ ဇွန်လမှ စတင်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပုံမှန်ဘွဲ့ကြိုသင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၂၃-၂၄ ပညာသင်နှစ်မှ စတင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့ကြိုသင်တန်းတွေကို စတင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို Ministry of Education – NUG နှင့် ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းပြင်ဆင်လျှက်ရှိတယ်လို့ သိရပါတယ်။
တက်ရောက်လိုတဲ့ နောက်ဆုံးနှစ်ကျောင်းသားများအနေနဲ့ Registration ကို https://forms.gle/C3betMN1GJ2QSaKU7 တွင် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။