မဲခေါင်၊ ဖေဖော်ဝါရီ ၁
စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့တာ၂ နှစ်ပြည့်မြောက်တဲ့နေ့ ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ ကြားက Yangon Revolution Force – YRF (Soft Strike Community) မှရဲဘော်တွေဟာ အာဏာသိမ်းကာလ ၂ နှစ်ပြည့်အဖြစ် ပြည်သူတွေအတွက် အမှာစကား ဘန်နာ ချိတ်ဆွဲ သပိတ်မှောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် နွေဦးတော်လှန်ရေးဟာ အရှိန်ဟုန်ကောင်းနေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ တော်လှန်ရေး ရဲဘော်ရဲဘက်တွေဟာ အာဏာရှင် ပြုတ်ကျတဲ့အထိ ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ Yangon Revolution Force – YRF (Soft Strike Community)က ဆိုပါတယ်။
အားလုံး မျှော်မှန်းထားတဲ့ တော်လှန်ရေး အောင်ပွဲ ရရှိနိုင်ဖို့အတွက် ပြည်သူတစ်ဦး တစ်ယောက်ချင်းရဲ့ ပါဝင်ပံ့ပိုးမှုဟာ အင်မတန် အရေးပါတဲ့အတွက် “သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်” ဆိုတဲ့ ဘန်နာ ရေးသား ချိတ်ဆွဲခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ရရာနည်းလမ်းနဲ့ တော်လှန်ရေးကို ပါဝင်အားဖြည့်ကြဖို့လည်း Yangon Revolution Force – YRF (Soft Strike Community)က တိုက်တွန်းထားပါတယ်။
MK-003
#MeKongNews
#ရန်ကုန်မြို့
#YRF