မဲခေါင်၊ မတ် ၉
‘ဝ’တောင်ပိုင်း၊ ၁၇၁ စစ်ဒေသအတွင်းမှာ ‘ဝ’ စစ်သည် ၃၃ စုံတွဲ တပြိုင်ထဲ စုပေါင်းမင်္ဂလာဆောင်အခမ်းအနားကို မတ်လ ၈ ရက်နေ့က ပြုလုပ်ပါတယ်။
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခုလို စုပေါင်းမင်္ဂလာဆောင်အခမ်းအနားကျင်းပပေးခြင်းဟာ ဘာသာရေးအယူအဆတွေနဲ့ ကျင်းပပေးခြင်း မဟုတ်ပဲ ရိုးရိုးမင်္ဂလာဆောင်အခမ်းအနားအနေနဲ့သာ ပြုလုပ်ပေးခြင်းဖြစ်တယ်လို့ ‘ဝ’တောင်ပိုင်းတာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“အရင်က တပ်မဟာအားလုံးပါတော့ စုံတွဲအရေအတွက်ပိုများတယ်။ အခုကတော့ တပ်မဟာ ၇၇၂ တစ်ခုထဲဆိုတော့ နည်းသွားတာပါ” လို့ သူက ပြောပါတယ်။
၂၀၁၆ ခုနှစ် ကျင်းပပြုလုပ်ရာမှာ စုံတွဲ ၃၀၀ ကျော် ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ စုံတွဲ ၁၀၀ ကျော် စုပေါင်းမင်္ဂလာဆောင်အခမ်းအနားမှာ ပါဝင်ခဲ့တယ်လို့သိရပါတယ်။
#Mekongnews
#ဝပြည်နယ်တောင်ပိုင်း #၁၇၁စစ်ဒေသ #တပ်မဟာ၇၇၂ #စုပေါင်းမင်္ဂလာဆောင်အခမ်းအနား