မဲခေါင်၊ မတ် ၂၁
ဝစီပိတ်ဆရာတော်လို့ နာမည်ကြီးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုးကွယ်တဲ့ဘုန်းကြီးတစ်ပါး ဒီနေ့မတ်လ ၂၁ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ နာမည်ကြီးဘုရားတွေမှာယတြာ လာချေခဲ့လို့ အစစ်အဆေးတွေကြမ်းနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်း ကိုပြောပါတယ်။
“ ဒီနေ့ညနေ ဘုရားလာမယ်ဆိုတာသိရတာ။ သူမလာခင်ဖြတ်ခဲ့တဲ့ မြို့နယ်တိုင်းမှာ ကားနဲ့စက်ဘီးစီးလာတဲ့သူတွေ အကုန်စစ်နေတယ်။ ဖုန်းကစပြီး အကုန်အသေရှာနေကြတာ။ သူသွားမယ့်ဘုရားက ဆူးလေဘုရားနဲ့ ဗိုလ်တထောင်ဘုရားသွားပြီး ဘယ်ပြန်မလဲတော့မသိဘူး။ ညနေ၅နာကျော်က ဆူးလေဘုရားရောက်လာတယ်။ သူသွားမယ့် ဗိုလ်တထောင်ဘက်လည်း လမ်းတွေပိတ်ပြီးစစ်နေတယ်” လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
ဝစီပိတ်ဘုန်းကြီးစီးလာတဲ့ ကားနံပါတ်မှာ သာသနာရေးအဝါရောင်နံပါတ်ပြား ၉၉၈၉ ဖြစ်ပြီး ဆူးလေဘုရားနဲ့ ဗိုလ်တထောင်ဘုရားတို့မှာ ယတြာလာရောက်လုပ်ဆောင်ပေးတာဖြစ်ကာ ရွှေတိဂုံဘုရားကို ဝင်ရောက်ဦးချခြင်းမရှိဘူးလို့သိရပါတယ်။
မှတ်ချက် – ပုံအဟောင်း
MK-005