မဲခေါင်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်မှာ အမျိုးသား တစ်ဦး လက်နက်တွေနဲ့ ဖမ်းဆီး ခံလိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာ အနီးမှာ မနေ့က စစ်ကောင်စီတပ်က အမျိုးသား တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ 91 ဗုံးသီး တစ်လုံး၊ မိုင်းရှူး ကျောက် ၃၂ ပွင့်နဲ့ ငွေကျပ် ၂,၂၀၇,၀၀၀ ကျပ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသားကို ထပ်မံစစ်ဆေးရာ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသက နေအိမ်မှာ သိမ်းဆည်း ထားတဲ့ ခေါက်ချိုးသေနတ် အတို တစ်တောင့်ထိုး အမျိုးအစား တစ်လက်၊ ဒဿမ ၃၀ ကာဘိုင်ကျည် ၂ ထောင့်၊ ပွိုင့် ၂၂ ကျည်အိမ် တစ်ခု၊ ပွိုင့် ၂၂ ကျည် ၃၆ တောင့်နဲ့ အရှည် ၁၃ လက်မခန့်ရှိ တရုတ်စာတန်းပါ လိမ္မော်ရောင် ယမ်းပျော့ တောင့် ၅ တောင့် ဖမ်းမိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ ရေးသားထားပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ ဘယ်အဖွဲ့အစည်းက ဆိုတာ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးသလို မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
MK-007