မြန်မာ့နွေဦး

လွိုင်ကော်-မိုးဗြဲ လမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်

မဲခေါင် 7 Aug - 2023
မဲခေါင်၊ ဩဂုတ် ၇ ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ လွိုင်ကော်- ဗိုးဗြဲ လမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း အမှတ် (၂) က မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၇

ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ လွိုင်ကော်- ဗိုးဗြဲ လမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း အမှတ် (၂) က မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လမ်းမပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ စစ်ကောင်စီ တပ်စွဲတဲ့ နေရာများကို ပြည်သူများ အနေနဲ့ စစ်ရေးသတိပြု ရှောင်ရှား သွားလာပေးကြဖို့ KNDF တပ်ရင်း (၂) က မေတ္တာရပ်ခံ ထားပါတယ်။

ဩဂုတ်လ ၄ ရက်နေ့က စပြီး လွိုင်ကော်-မိုးဗြဲ လမ်းမကြီးရှိ ကျေးရွာ တချို့မှာ စစ်ကောင်စီတပ် လှုပ်ရှားလာရာမှ ဩဂုတ်လ ၆ ရက်နေ့မှာ ကရင်နီ ပူးပေါင်းတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNDF တပ်ရင်း (၂) ကပြောပါတယ်။

“စစ်ကောင်စီတပ်တွေ ရွာတွေဖက်မှာ လှုပ်ရှားလာရာကနေ မနေ့ညကစပြီး တိုက်ပွဲဖြစ်တာပေါ့။ အခုထိလည်း စစ်ရေး အခြေအနေက တင်းမာနေတုန်းမို့ လမ်းမပေါ် သွားလာကြတဲ့ ပြည်သူတွေ အနေနဲ့ သတိနဲ့ သွားလာကြဖို့၊ စစ်ကောင်စီ စခန်းတွေနဲ့ ဝေးဝေးနေကြဖို့ အသိပေးချင်တယ်” လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲဟာ တစ်နာရီခန့်သာ ကြာမြင့်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဘက်က အထိခိုက်မရှိဘဲ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိနိုင်တယ်လို့လည်း သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းရာမှာ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို အဓိက အသုံးပြုနေတာကြောင့် အဲ့ဒီ လမ်းမကြီးပေါ်မှာ တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့သလို သေနတ် ၈ လက် အပါအဝင် လက်နက်ခဲယမ်းများကို ကရင်နီ ပူးပေါင်းတပ်က သိမ်းဆည်းရမိ ခဲ့ပါတယ်။

ကရင်နီပြည်နယ်ကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲမှာ အထိနာတာကြောင့် စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူလူထုတွေ ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

CJ-002
#Mekongnews
#လွိုင်ကော်-မိုးဗြဲ
#KNDF_တပ်ရင်း_အမှတ်_(၂)
#လက်နက်ခဲယမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနှပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now