မြန်မာ့နွေဦး

လဲချားမြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ SSPP သိမ်းဆည်းရမိ

မဲခေါင် 7 Aug - 2023
မဲခေါင်၊ ဩဂုတ် ၇ ရှမ်းပြည်နယ် တောင်ပိုင်း ၊လဲချားမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ SSPP နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၇

ရှမ်းပြည်နယ် တောင်ပိုင်း ၊လဲချားမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ SSPP နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းဆီးရမိသလို ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သူကပြောပါတယ်။

“လဲချားအဝင် ဒီမက်လန်းရွာနားက နမ့်တိန်းဂိတ် တိုက်ပွဲမှာက စစ်ကောင်စီတပ် အကျအဆုံးများတယ်။ ဒီမက်လန်းက တိုက်ပွဲမှာကိုပဲ သူတို့ ၅ယောက်ထက်မနည်းကျတယ်။ သူတို့လက်နက်တွေကိုလည်း သိမ်းရခဲ့တယ်” လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မက်လန်းရွာ အနီး မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၊ AK လက်နက် ၂ လက်၊ ပစ္စတို တစ်လက်နဲ့ ကားတစ်စီးကို SSPP တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

“တိုက်ပွဲက ၃ နေရာလောက်ဖြစ်နေတော့ စစ်ကောင်စီဘက်က အကျအဆုံး အတိအကျတော့ မသိရသေးဘူး၊ ကြားရတာတော့ စုစုပေါင်း ကျတာ ၂၀ လောက်ရှိတယ်လို့လည်း ပြောကြတယ်။ SSPP ဘက်ကတော့ နမ့်ပေါက်မှာ စစ်ကောင်စီက စပစ်တဲ့အချိန် တစ်ယောက် ကျသွားတာပဲရှိတယ်လို့ သိရတယ်ပေါ့နော်” လို့ နောက်ထပ် သတင်းအရင်းအမြစ်က ပြောပါတယ်။

လက်ရှိ ၂ ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မက်လန်းရွာ နမ့်တိန်းဂိတ်မှာ စစ်ကောင်စီဘက်က စစ်ကား ၂ စီးနဲ့ အင်အား ဖြည့်တင်းထားတယ်လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လဲချားမြို့ အရှေ့တောင်ဘက် ဟိုင်းဆိုင်အုပ်စု၊ နမ့်ပေါက်ရွာ အနီးမှာရှိတဲ့ SSPP တပ်စခန်းကို တိုက်ခိုက်တာကြောင့် လဲချားမြို့အရှေ့ မြောက်ဘက်အထွက် ၃ မိုင်အကွာ၊ လဲချား-မိုင်းနောင် လမ်းမပေါ်က မက်လန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းကို SSPP က ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီလို တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ လဲချား – မိုင်းနောင် ကားလမ်းကို အတားအဆီးတွေ ပြုလုပ်ကာ လမ်းပိတ်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတချို့ လဲချားမြို့ပေါ် တိမ်းရှောင်လာခဲ့ပါတယ်။

CJ-002

#Mekongnews

#လဲချားမြို့နယ်

#SSPP

#လက်နက်ခဲယမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနှပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now