မြန်မာ့နွေဦး

လောင်းလုံးမှာ စစ်ကောင်စီ စွန့်ခွာသွားတဲ့ နယ်မြေရဲစခန်းကို PDF က မီးရှို့ရှင်းလင်း

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို မနေ့က ညပိုင်းမှာ နယ်မြေရှင်းလင်း မီးရှို့ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို မနေ့က ညပိုင်းမှာ နယ်မြေရှင်းလင်း မီးရှို့ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ည ၁၁ နာရီ ဝန်းကျင်မှာ အဲဒီ ရဲစခန်းကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးဖွဲ့-LLPDF နဲ့ ထားဝယ် အထူးပြောက်ကျားအဖွဲ့တို့ ပူးပေါင်း မီးရှို့ခဲ့ရာ မနက်အစောပိုင်းမှာ မီးငြိမ်းခဲ့ပြီး ဒီကနေ့ မွန်းလွဲပိုင်းအထိ စစ်တပ်က လာရောက် စစ်ဆေးတာ မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ သကျက်တောရွာ ရဲစခန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရ ပြီးနောက် စစ်ကောင်စီက စခန်းကို စွန့်ခွာခဲ့တာလို့ LLPDF က ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့က သကျက်တော ရဲစခန်းမှ ရဲကား တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ၊ မေလ ၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေ ပူးပေါင်းပြီး ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ကလည်း အဲဒီ နယ်မြေရဲစခန်းမှ ထန်းရည်ဆိုင်သို့ သွားရောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သား တို့ကို လမ်းမှာ ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဖြစ်ပွားခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇန်နဝါရီလ ၁၂ ရက်မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ဟာ ရေလမ်းကြောင်းမှ ရောက်ရှိလာပြီး စခန်းရှိ စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေ သိမ်းဆည်းကာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စခန်းကို စွန့်ခွာသွားခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲ စုစုပေါင်း အင်အား ၅၀ ခန့် သကျက်တောရဲစခန်းမှ စွန့်ခွာပြီး ၃ ရက်မြောက်နေ့ ည ၁၁ နာရီခန့်မှာ ရဲစခန်း အတွင်းရှိ ပင်မဆောင်၊ အိမ်ခန်းနဲ့ တန်းလျားတွေ အပါအဝင် အဆောက်အအုံ ၅ ခု၊ ဘန်ကာ ၂ ခုတို့ကို ကာကွယ်ရေးတပ်တွေက မီးရှို့ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်ကိုင်တုတ် လုပ်နေသူတွေကို အနီးကပ် စောင့်ကြည့်နေပြီး မြို့နယ်အတွင်း စစ်ကောင်စီရဲ့ နိုင်ငံရေး ခွေးတိုးပေါက် အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ပူးပေါင်း ပါဝင်နေသူတွေကိုလည်း စောင့်ကြည့်နေပြီ ဖြစ်လို့ မိဘပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ခပ်ဝေးဝေးမှာ နေပေးကြဖို့လည်း ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now