မြန်မာ့နွေဦး

လက်နက်ကြီးနဲ့ပစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မြောင်ကာကွယ်ရေး အင်အားစုတွေ ပူးပေါင်းတိုက်ခိုက်

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က နနွင်းရွာဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်း အတွင်း ကျရောက် ပေါက်ကွဲကာ ဘုန်ကြီးတစ်ပါးနဲ့ စစ်ဘေးရှောင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့က ဆိုပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က နနွင်းရွာဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်း အတွင်း ကျရောက် ပေါက်ကွဲကာ ဘုန်ကြီးတစ်ပါးနဲ့ စစ်ဘေးရှောင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့က ဆိုပါတယ်။

မြောင်နယ် ကျောက်ရစ်စခန်းမှ မနေ့က မနက် ၇ နာရီခန့်မှာ စစ်ဗိုလ်ရဲ့ မိန်းမ မီးဖွားဖို့ အင်အား ၆၀ ဝန်းကျင်နဲ့ ရေစကြိုသို့ ပို့ဆောင်ဖို့ ထွက်ခွာလာပြီး မြောင်နယ် နနွင်းကိုင်းရွာ ဆိပ်ကမ်းမှာ ရေစကြိုမှ လာကြိုတဲ့ စစ်ကောင်စီ စက်လှေတွေထံ လူနာကို ပို့ဆောင်အပြီး နနွင်းရွာဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး ဦးခေါင်း ထိမှန်ပြီး အမျိုးသား တစ်ဦး ခြေထောက်ကျိုးသွားကာ ဖြတ်ရမယ့် အခြေအနေ ဖြစ်နေပြီး နွား ၃ ကောင်ပါ ဒဏ်ရာရကာ ၂ ကောင် သေဆုံးသွားတယ်လို့ ကိုနွေဦး-မြောင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီလို အကြောင်းမဲ့ ပစ်ခတ်ရာ ပြည်သူတွေ ထိခိုက်နစ်နာမှုရှိလို့ မြောင်၊ မြင်းခြံ၊ ရေစကြိုနဲ့ မြင်းမူ ကာကွယ်ရေး အဖွဲ့တွေ မခံမရပ်နိုင်ဖြစ်ကာ အစီအစဉ် မရှိဘဲ အားလုံး ရောက်လာကြတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ရစ်သို့ အပြန် သနပ်ကုန်းရွာ တောင်ဘက် ကုက္ကိုလ်ပင်အောက် ထိုင်နေကြစဉ် CDSOM အနောက်ပိုင်း 001 အဖွဲ့နဲ့ မဟာမိတ်တွေမှ ရှေ့ထွက်မိုင်း ၂ ချောင်းနဲ့ ပစ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရရကာ ထမ်းစင်နဲ့ ထုတ်ရတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ တိုက်ပွဲ ၁ နာရီကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံး ထိခိုက်မှု များနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင် တပ်ရင်း (၃) မှ ပစ်လွှတ်တဲ့ လက်လုပ် ရှော့ဒုံး တွေကြောင့်လည်း ထိခိုက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကျောက်ရစ်စခန်းသို့ အီနာဂါဗုံး ၂ ကြိမ် ချလိုက်နိုင်တာကြောင့် အဲဒီ စခန်းမှာလည်း ထိခိုက် သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ တပ်ရင်း (၄)၊ CDSOM (မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့)၊ မြင်းခြံခရိုင် တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ CRF မြင်းမူ၊ LACR -အလယ်ပိုင်းဒေသ လွတ်မြောက်ရေးတပ်၊ ကျေးရွာတပ်ပေါင်းစု၊ Shwe Ao Revolution Force -CDSOM၊ Justic Revolution Force -CDSOM၊GGG -CDSOM၊ AMPDF -CDSOM အောင်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ CDSOM အနောက်ပိုင်း 005 တို့ ပူးပေါင်းပါဝင် ခဲ့တယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်တွေ ဖြတ်တိုက်လို့ ရှေ့ဆက်မတိုးနိုင်ဘူးလို့ KNU ဆို

စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို KNLA၊ KNDO နဲ့ PDF တို့က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လူထုတိုက်ပွဲ စက္ကူလေယာဉ်သပိတ် အင်းလေးအမျိုးသမီးသမဂ္ဂ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့က ဧပြီ ၁၇ ရက် နေ့မှာ လူထုတိုက်ပွဲ၊ စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ကနေ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူ ၃၀၀ ကျော် ရိက္ခာအရေးပေါ် လိုအပ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ဟိုခဲရပ်ကွက်က ဒေသခံ ၃၀၀ လောက် စားရေရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းစစ်ဘေးရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now