မြန်မာ့နွေဦး

ရှမ်းလက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်တိုက်ခိုက်နေတာကြောင့် တော်လှန်ရေးကြာမြင့်နေတာလို့ RCSS ဥက္ကဋ္ဌ ပြော

မဲခေါင် 21 May - 2023
မဲခေါင်၊ မေ ၂၁ ရှမ်းပြည်နယ်တော်လှန်ရေး ကြာမြင့်နေရတာ လက်နက်ကိုင် အဖွဲ့တွေ များပြားလွန်းပြီး အချင်းချင်း တိုက်ခိုက်နေလို့ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ မေလ ၂၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ မေ ၂၁

ရှမ်းပြည်နယ်တော်လှန်ရေး ကြာမြင့်နေရတာ လက်နက်ကိုင် အဖွဲ့တွေ များပြားလွန်းပြီး အချင်းချင်း တိုက်ခိုက်နေလို့ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ မေလ ၂၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်း ပြောဆိုထားတာပါ။

၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်မှာ စတင်ခဲ့တဲ့ ရှမ်းတော်လှန်ရေးဟာ ဒီနေ့ဆို ၆၅ နှစ်ပြည့်ပြီဖြစ်ပေမယ့် ရည်မှန်းချက်နဲ့ ‌အောင်ပွဲမရသေးတဲ့ အပေါ်တုန်လှုပ်မိပြီး၊ ဒီလို တော်လှန်ရေး ကြာမြင့်နေရတဲ့ အဓိက အကြောင်းရင်းတွေဟာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေအချင်းချင်မတည့်ဘဲ တိုက်ခိုက်နေလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်း များပြားသလို ဥပဒေနဲ့မလွတ်ကင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်နက်ပြ လုပ်ကိုင်နေတာကိုလည်း ထိန်းချုပ်နိုင်ဖို့လိုပြီး၊ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ခေတ်အဆက်ဆက် နယ်ချဲ့ဘက်မှာနေတာ၊ ငွေကြေးနဲ့ အာဏာရှိတဲ့ဘက်မှာ နေတာကြောင့်လည်း ရှမ်းတော်လှန်ရေးက မအောင်မြင်တာလို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

RCSS ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP နဲ့လည်း ဒေသတွင်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

MK-007

#MeKongNews

#RCSS

#ယွက်စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်နဲ့ ကားတစ်စီး သိမ်းမိ

မဲခေါင်၊ ဧပြီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အနောက်တောင်ဘက် တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခိုလမ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ သွားလာသူတွေကို ငွေတောင်းနေ

စစ်ကောင်စီဂိတ်မှာ သွားလာတဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၆ ရက်မှာ သေနတ်ထောက်စစ်ဆေးပြီး တစ်ဦးကို ငွေတစ်သိန်းတောင်းလို့ ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မဲနှိုက်ခွင့်မပေးဘဲ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်ရောက်လာ

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ကို မဲနှိုက်ခွင့်မပေးဘဲ ချက်ချင်း စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ရောက်လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နိုင်ငံရေးပို့စ်တွေ မျှဝေလို့ အင်းလေးဒေသခံ ၂ ဦး ဖမ်းခံရ

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမ၊ ပြင်လွန်ရပ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ဦးဟာ ဒီနေ့ (ဧပြီ ၁၇)အထိ ပြန်မလွတ်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိတ်ဖြူမြို့နယ်က စစ်ကောင်စီ ကပစ-၂၁ ကို PDF တိုက်ခိုက်

ဆိတ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ-၂၁ (ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ) ကို ဧပြီ ၁၆ ရက် မနက်ပိုင်းက PDF တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သင်္ကြန်ကာလ ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီအရာရှိတွေအပါ ၁၅ ယောက်သေဆုံး

ဆီဆိုင်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီ အရာရှိတွေအပါ ၁၅ ယောက်သေဆုံးကာ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ PNLA က ဧပြီလ ၁၆ ရက်ည က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ထောင်ကနေပြောင်းဖို့ စစ်ကောင်စီပြင်ဆင်

NLD ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ကနေ ပြောင်းရွေ့လိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာတိုက်ပွဲ စစ်ကောင်စီ ၂၁ ယောက်သေ၊ မန္တလေး PDF ဘက်ကလည်း ကျဆုံးမှုတွေရှိ

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၁ ယောက်သေတယ်လို့ မန္တလေး PDF က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now