မြန်မာ့နွေဦး

ရှမ်းတောင် (၁၀၀၈) တပ်ရင်း ၄၀ မမ လောင်ချာနဲ့ ဗုံးသီးတွေ အောင်မြင်စွာ ထုတ်လုပ်

မဲခေါင် 9 Oct - 2023
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၃)၊ ရှမ်းတောင် အခြေစိုက် အမှတ် (၁၀၀၈) တပ်ရင်းက ၄၀ မမ လောင်ချာနဲ့ ဗုံးသီးတွေ ထုတ်လုပ်နေပြီလို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၉

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၃)၊ ရှမ်းတောင် အခြေစိုက် အမှတ် (၁၀၀၈) တပ်ရင်းက ၄၀ မမ လောင်ချာနဲ့ ဗုံးသီးတွေ ထုတ်လုပ်နေပြီလို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

ယခင် တွင်ခုံ ဆရာတွေအဖြစ် အသက်မွေးခဲ့တဲ့ တပ်ရင်း ရဲဘော်တွေ အကူအညီနဲ့ ထုတ်လုပ်နိုင်ခဲ့တဲ့ ၄၀ မမ လောင်ချာဟာ မီတာ ၃၅၀ အထိ ပစ်ခတ်နိုင်ပြီး ဗုံးသီးကတော့ ၂၅ ပေ ပတ်၀န်းကျင်ကို သက်ရောက်နိုင်တဲ့ ပေါက်ကွဲအား ရှိတယ်လို့ ဆိုပါတယ်။

“လောင်ချာက အစစ်နီးပါး အဆင်ပြေသလို ဗုံးသီးကလည်း ၉၅ ရာခိုင်နှုန်း စမ်းသပ်အောင်မြင် ပြီးစီးနေပါပြီ။ ကျနော်တို့ လောင်ချာဆိုရင် ခပ်ဝေးဝေးကနေ ပစ်ကူပေးနိုင်လို့ စကစ (စစ်ကောင်စီ) အထိုင်တပ်တွေကို ပစ်ခတ်နိုင်ပါတယ်။ လက်ရှိမှာ လောင်ချာ ၆ လက်၊ တိုက်ပွဲ တစ်ခုမှာ တစ်လက်က ပျက်သွားတော့ ၅ လက်ပဲ ကျန်တော့တယ်။ ဗုံးသီးကတော့ ၁၀၀ ကျော် ထုတ်ပြီးပါပြီ” လို့ (၁၀၀၈) တပ်ရင်း တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဒီ ၄၀ မမ လောင်ချာနဲ့ ဗုံးသီး ထုတ်လုပ်ဖို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ကြိုးစားခဲ့တာဖြစ်ပြီး ကုန်ကြမ်း နေရာမျိုးစုံက ရှာဖွေ ဝယ်ယူကာ နည်းပညာကို မဟာမိတ်တပ်တွေထံက ရယူပြီး တပ်ဖွဲ့က တွင်ခုံဆရာတွေ တစ်နှစ်ကျော် စမ်းသပ် ထုတ်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တပ်ရင်းငွေနဲ့ အသုံးပြုရတာကြောင့် အကန့်အသတ်ရှိနေကာ ဆက်လက် ထုတ်လုပ်ဖို့ ဘဏ္ဍာငွေ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား အမျိုးအစား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အစီအစဉ် ရှိသလို၊ ပညာရှင်တွေ ရှိတယ်လို့ ဆိုပါတယ်။

“လက်ရှိ အခက်အခဲကတော့ ထုတ်လုပ်ရေးကို ဆက်လက် လုပ်ဆောင်ဖို့ကတော့ ပြည်ပက ထောက်ပို့ အဖွဲ့တွေနဲ့ အလှူရှင်တွေက အားစိုက်ထုတ်ပြီး ကူညီလှူဒါန်းပေးမယ်ဆို ပိုထုတ်လုပ်နိုင်မှာပါ။ ပြည်တွင်းက ရှမ်းတောင်ပိုင်း ပေါ့နော်။ ပါဝင်မှု အားနည်းနေလို့ ပိုမိုပြီး ပါဝင်လှူဒါန်း ကူညီပေးကြဖို့ ပြောချင်ပါတယ်” လို့ လက်နက် ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ ရဲဘော် တစ်ဦးက ပြောပါတယ်။

(၁၀၀၈) တပ်ရင်း အနေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းတောင်ကို ဝင်ရောက်နိုင်ဖို့ ဦးတည် ကြိုးစား နေတာကြောင့် ပြည်တွင်း၊ ပြည်ပ၊ ရှမ်းတောင်က ပြည်သူတွေ သာမက NUG အစိုးရ၊ ကာကွယ်ရေးဌာန(MOD) အနေနဲ့ လောင်ချာ တစ်လက်ဖိုးဖြစ်စေ၊ ဗုံးသီး တစ်လုံးစာဖြစ်စေ ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။

CJ-001

#MeKongNews

#1008Infantary

#၁၀၀၈တပ်ရင်း

#ရှမ်းတောင်

#လက်နက်ထုတ်လုပ်

#၄၀မမ

#လောင်ချာ

#ဗုံးသီး

#MOD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now