မဲခေါင်၊ မတ် ၈
ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ တည်ထောင်မှု တစ်နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ရာမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို ရည်စူးပြီး သံဃာတော်တွေကို အာရုံဆွမ်းကပ်လှူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ တစ်နှစ်ပြည့် အခမ်းအနားမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ထောက်ပို့ရဲဘော် ဦးနေ က M4 Carbine သေနတ် တစ်လက် လက်ဆောင် ပေးခဲ့တာ ကျေးဇူးတင်တယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ကတိပြု ပြောပါတယ်။
ဒီအခမ်းအနား တက်ရောက်ခဲ့တဲ့ မဟာမိတ် အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007