မြန်မာ့နွေဦး

ရှမ်းတောင်နဲ့ ကရင်နီမှာ အရပ်သားသေဆုံးမှု မြင့်တက်

မဲခေါင် 3 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင် ၂ လအတွင်း စစ်အာဏာသိမ်း အစောပိုင်း ကာလထက် အရပ်သား သေဆုံးမှု မြင့်တက်လာတယ်လို့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၃

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင် ၂ လအတွင်း စစ်အာဏာသိမ်း အစောပိုင်း ကာလထက် အရပ်သား သေဆုံးမှု မြင့်တက်လာတယ်လို့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကရင်နီ အခြေစိုက် တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF က လစဉ်ထုတ်ပြန်နေတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစပြီး အခုနှစ် မေလအထိ အရပ်သား သေဆုံးမှု ၃၂၆ ဦးရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဩဂုတ်လ ၁ ရက်မှာ PKPF က ထုတ်ပြန်တဲ့ စာရင်းမှာတော့ အရပ်သား သေဆုံးသူ စုစုပေါင်း ၃၇၅ ဦး ရှိနေတာကြောင့် ဇွန်လနဲ့ ဇူလိုင် ၂ လတာအတွင်း ကရင်နီပြည်နယ်မှာ သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူ ၄၉ ဦး ရှိလာပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ်ဖြစ်တဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ ကရင်နီပြည်နယ်တွင်းက အရပ်သား သေဆုံးမှုဟာ အရင်ကာလတွေထက် ၂ ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

အခုနှစ် ပထမ ၃ လပတ်မှာ ကရင်နီပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၂၇ ဦး ရှိခဲ့တာဖြစ်ပြီး ဒုတိယ ၃ လပတ်မှာတော့ အရပ်သား ၄၉ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဖော်ပြထားပါတယ်။

အခုလို ကရင်နီဒေသခံ အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ အခုနှစ် ဒုတိယ ၃ လအတွင်း သေဆုံးတဲ့ အရပ်သားတွေထဲမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၈ ဦး၊ သေနတ်နဲ့ ပစ်ခတ်ခံရသူ ၁၉ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ တစ်ဦးတို့ ပါဝင်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်ကူညီနေသူ အမျိုးသား တစ်ဦးကတော့ “သူတို့ (စစ်ကောင်စီ)က ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ အကြောင်းမဲ့ ပစ်ခတ်နေတာများတယ်။ ကရင်နီပြည်နယ်တွင်းက စစ်ရှောင်တွေမှာ စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ KNDF BO9 က ဇူလိုင် ၅ ရက်က ထုတ်ပြန်ထားပါတယ်။

အခုနှစ် ဇွန်လ အစောပိုင်းကစပြီး မိုးဗြဲမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ အဲ့ဒီကာလအတွင်း စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၃ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် သွားတယ်လို့ KNDF BO9 က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် မိုးဗြဲမြို့တွင်းက ၃ ဦး၊ ဘောလခဲမြို့နယ်တွင်းက တစ်ဦးနဲ့ လွိုင်ကော်မြို့တွင်းက တစ်ဦး သေဆုံးခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖရူဆို မြို့နယ်မှာ တစ်ဦးနဲ့ ဖားဆောင်းမှာ ၄ ဦး သေဆုံးခဲ့တယ်လို့ KNDF B09 ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

ကရင်နီပြည်နယ်တွင်းက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ စာရင်းတွေဟာ နီးစပ်ရာ မြေပြင် အနေအထားအရ ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ပိုများတဲ့ အရေအတွက် ရှိနိုင်သလို မဲခေါင်သတင်းဌာန အနေနဲ့လည်း သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိအချိန်မှာ ကရင်နီပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံ ၃ သိန်းဝန်းကျင်ဟာ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ လွိုင်ကော်၊ ရှားတော၊ ဘောလခဲ နဲ့ မယ်စဲ့ မြို့နယ်တွေအပြင် အခြားပြည်နယ် တွေနဲ့ ထိုင်းနယ်စပ်ဘက်ကိုပါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။

KNDF ရဲ့ အခုနှစ် ဇူလိုင် ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်ရဲ့ အဓိက အဝင်အထွက် လမ်းမဖြစ်တဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမ တစ်လျှောက်မှာ ဇူလိုင် ၂၀ ရက်ကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးတာနဲ့ အင်အားဖြည့် ဝင်ရောက်လာတာတွေကြောင့် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

အလားတူ ဖယ်ခုံ-မိုးဗြဲ လမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ KNDF B03 အပါအဝင် တော်လှန်ရေးတပ်တွေကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် အပါအဝင် မယ်စဲ့၊ ယာဒို ဒေသတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းမှာ စစ်ကောင်စီရဲ့ နေ့စဉ် စစ်ကြောင်းထိုး ဝင်ရောက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသခံတွေ နေ့စဉ် ထိတ်လန့်နေရပြီး အသက်အန္တရာယ်နဲ့ နေ့စဉ် ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။

MK-009

#MekongNews

#ရှမ်းတောင်_ကရင်နီ

#တိုးတက်သောကရင်နီပြည်သူ့အင်အားစု

#KNDF_B09

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now