မြန်မာ့နွေဦး

ရွှေတောင်နဲ့ သုံးဆယ်မှာ စစ်တပ်နဲ့ လက်ပါးစေတွေကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး ပွဲချင်းပြီးသေ

မဲခေါင် 27 Dec - 2022
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ‌ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာအုပ်စု၊ ပွဲသာရွာထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးတယ်လို့ Bago Region PDF သတင်းပြန်ကြားရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၉ နာရီခွဲမှာ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅) -နွေဦးအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ဟာ ပြည်သူလူထုကို စစ်ဆေးခြိမ်းခြောက်တာ၊ ဆိုင်ကယ်တွေ ဖမ်းဆီးတာ၊ ‌ဆက်ကြေး တောင်းခံတာ၊ ဆက်ကြေး မပေးပါက ဖမ်းဆီး ထောင်ချတာ‌တွေ ကျူးလွန်နေတာ‌ကြောင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံး စစ်သားရဲ့ ရုပ်အလောင်းကို အချိန်အတန်ကြာ သယ်ယူမှုမရှိဘဲ စစ်သားတွေက သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးအန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီ‌နေ့မနက် ၁၀ နာရီခွဲမှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဖိုးခေါင်လမ်းမ၊ စိန်သဇင် စက်သုံးဆီအရောင်းဆိုင် အနီးမှာ စစ်တပ်လက်ပါးစေ ရဲကား ၂ စီးကို သာယာဝတီ ဂဠုန်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရဲကား ၁ စီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ် အခြေအနေတွေကို ထပ်မံ အတည်ပြု စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

ဒီရဲကား ၂ စီးဟာ ဆိုင်ကယ်စီး ပြည်သူ‌တွေကို ခြိမ်းခြောက် စစ်‌‌ဆေးဖမ်းဆီး ဆက်ကြေးကောက်ယူပြီး အပြန်မှာ မိုင်းဆွဲခံခဲ့ရတာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးအန္တရာယ်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

လွယ်ဂျယ်အနီးက အရေးပါတဲ့ ယောယုံစစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

တရုတ် - မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့
မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now