မြန်မာ့နွေဦး

ရွှေကူမြို့နယ် ဇင်းဘုံရွာအနီးမှာ စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ပြင်းထန်

မဲခေါင် 18 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၈ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်မိုကျေးရွာအုပ်စု၊ ဇင်းဘုံရွာအနီးမှာ စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ ဩဂုတ်လ ၁၆ နဲ့ ၁၇ ရက်နေ့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်မိုကျေးရွာအုပ်စု၊ ဇင်းဘုံရွာအနီးမှာ စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ ဩဂုတ်လ ၁၆ နဲ့ ၁၇ ရက်နေ့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မန္တလေးကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သ‌‌ေင်္ဘာ ၉ စီးကို ဩဂုတ် ၁၆ ရက်နေ့က KIA တပ်ရင်း (၅)၊ တပ်ရင်း (၁၂)၊ PDF တို့ ကြားဖြတ် တိုက်ပွဲရာက တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၁၀၇ မမ နဲ့ ပစ်ခတ်ရာ သင်္ဘော တစ်စီး ထိမှန်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“ မနေ့က ဇင်းဘုံကနေ လှုပ်ရှား ထွက်ခွာလာတဲ့ စစ်ကောင်စီ အဖွဲ့နဲ့ KIA တပ်ရင်း (၁၂) နဲ့ PDF ပူးပေါင်း အဖွဲ့တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တယ်။ အောက်ဘက်က ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောတွေ စင်းခန်းမှာ နားနေသေးတယ်” လို့ သူက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် သင်္ဘောက စစ်ကောင်စီ အရာရှိ တစ်ဦးနဲ့ စစ်သား ၁၀ ဦးခန့် ထိခိုက် သေဆုံးသွားလို့ ဩဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၅ နာရီနဲ့ ၈ နာရီ ကြားမှာ သင်္ဘောမှာ ချည်ထားတဲ့ တာယာတွေ ဖြုတ်ပြီး အလောင်းတွေ မီးရှို့ခဲတယ်လို့ အမည်မဖော်လိုသူ မျက်မြင် တစ်ဦးက ပြောပါတယ်။

“ မြစ်ကျဉ်း တစ်လျှောက် ဂျက်ဖိုက်တာနဲ့ လုံခြုံရေး ယူပေးနေတာ။ တစ်နေ့ ညနေ ၄ နာရီကျော်ခန့်က စင်းခန်း တံတားကို အကာအကွယ်ယူပြီး ပစ်ထိသွားတဲ့ သင်္ဘော ၂ စီးကို အဲဒီ တံတားအောက်မှာ ပြင်နေတယ်” လို့ သူက ပြောပါတယ်။

ကျည်ထိမှန်သွားတဲ့ သင်္ဘော ၂ စီးနဲ့ ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီ တပ်သား ၂၀ ခန့်ကိုတော့ စင်းခန်း နားမှာ ဆေးကုသနေပြီး သင်္ဘောကို ပြုပြင်နေကာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက် မနက်မှာ ပြန်ထွက်ခွာမယ်လို့ သိရတယ်လို့ ဆိုပါတယ်။

“ မနေ့က စခ သင်္ဘောတွေ ဆန်တက်လာတဲ့နောက် ဧရာဝတီ မြစ်နား ရွှေကူ နဲ့ စင်းခန်း ကြားက ဇင်းဘုံရွာဘက် စစ်ကောင်စီတွေ ဝင်လာပြီး တစ်ရွာလုံးကို မီးရှို့သွားတယ်လို့ ကြားရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီဝန်းကျင်က ဗန်းမော် ခမရ (၄၇) စစ်ကောင်စီတပ်က ဗန်းမော် အနီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်က ရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ မြစ်ကြောင်း တစ်လျှောက်က ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ရှောင်နေရတယ်လို့ သူက ရှင်းပြပါတယ်။

စစ်သင်္ဘောတွေကို လုံခြုံရေးပေးဖို့ စစ်ကောင်စီတပ်က ဇင်းဘုံရွာကို ဩဂုတ်လ ၁၁ ရက်နေ့ ကတည်းက ရောက်ရှိနေပြီး ဩဂုတ် ၁၆ ရက်နေ့က ရွှေကူကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ ထောက်ပို့ စစ်သင်္ဘော တွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ကြောင်း KIA ရှေ့တန်းသတင်း ရင်းမြစ်တွေက ပြောပါတယ်။

CJ-008

#MeKongNews

#ရွှေကူ_စင်းခန်း

#KIA_PDF

ဧရာဝတီမြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now