မြန်မာ့နွေဦး

ရွာငံမှာ PDF တွေ အလင်းဝင်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

မဲခေါင် 27 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမမှာ မနေ့ စက်တင်ဘာ ၂၆ မနက်ပိုင်းက PDF တွေ အလင်းဝင်လာတယ်ဆိုပြီး ဝါဒဖြန့်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမမှာ က မနေ့ စက်တင်ဘာ ၂၆ မနက်ပိုင်းက PDF တွေ အလင်းဝင်လာတယ်ဆိုပြီး ဝါဒဖြန့်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလင်းဝင်လာတယ်လို့ ဖော်ပြခံရသူတွေဟာ စစ်ဘေးရှောင်ရာက ပြန်လာတဲ့ နွားဘန်ကြီးကျေးရွာနေ ပြည်သူ ၄ ဦး ဖြစ်ပြီး တော်လှန်ရေး အင်အားစု PDF တစ်ယောက်မှ မပါကြဘူးလို့ ဆိုပါတယ်။

“အဲဒီလူတွေက နွားဘန်ကြီး တိုက်ပွဲ ဖြစ်တုန်းက စစ်ဘေးရှောင်ပြီး အခုမှ ပြန်လာတာပါ။ အခန်းအနား မစခင်က စခ (စစ်ကောင်စီ) တွေ သေနတ် ကြိုပေးထားတာ။ ပြီးတော့မှ လက်နက်နဲ့တကွ အလင်းဝင်တယ် လုပ်တာ။ အမှန်က သူတို့ လက်နက်နဲ့ သူတို့ကို ပြန်ပေးရတာပဲ။ အလင်းဝင်တဲ့ လူတွေက ရွာကပဲလေ။ ကျနော် သိတာပေါ့” လို့ နွားဘန်ကြီး ကျေးရွာနေ အမျိုးသား တစ်ဦးက ပြောပါတယ်။

အဲဒီ အခမ်းအနားကို “ပြစ်မှုကျူးလွန်ခြင်း မရှိသည့် PDF ၂ ဦးအား မိဘ အုပ်ထိန်းသူထံသို့ လွှဲအပ်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပြီး ရဲ၊ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က အလင်းဝင်တာတော့ မရှိဘူး။ သူတို့ထင်တဲ့ဟာကို ဖမ်းပြီးတော့ အလင်းဝင်တဲ့ ပုံစံ လုပ်ခိုင်းတာ။ ကျနော်တို့ လူတွေလည်း မပါဘူး။ သူတို့ဘက်က အလင်းဝင်တာကို သက်သေနဲ့တကွ ချမပြနိုင်တော့ ဝါဒဖြန့်တာပဲ လုပ်နေတာ” လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး-DPLF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ရှင်းပြပါတယ်။

စက်တင်ဘာလ အစပိုင်းက စတင်ပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်ကောင်စီက စစ်ကြောင်း ၅ ကြောင်းနဲ့ လူထုတွေ့ဆုံပွဲ၊ လူငယ်ကဏ္ဍစတဲ့ ခေါင်းစဉ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ-USDP အမာခံတွေကို စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-007

#MekongNews

#ရွာငံ

#PDF

#USDP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now