ဒေသတွင်းသတင်း

ရွာငံမှာ စစ်ကောင်စီက ရွာသားတွေကို ခြိမ်း‌‌ခြောက် အစည်းအဝေးခေါပြီး ဝောာ်လှန်ရေး သတင်းတွေ စုံစမ်းခိုင်း

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေက ရွာသားတွေကို ခြိမ်း‌‌ခြောက် ခေါ်ယူကာ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေက ရွာသားတွေကို ခြိမ်း‌‌ခြောက် ခေါ်ယူကာ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး PDF နဲ့ ဒေသတွင်း တော်လှန်ရေး တက်ကြွ လှုပ်ရှားသူတွေကို သိရှိပါက သတင်းပေးကြဖို့ ကျေးရွာနေ ပြည်သူတွေကို ဟောပြောခဲ့တယ်လို့ ဆိုပါတယ်။

“ စကစ သွေးရူးသွေးတန်း လျှောက်လုပ်နေတာပေါ့ဗျာ။ ကျွန်တော်တို့ရွာမှာ PDF မှ မရှိတာ။ မရှိတာကို ကျွန်တော်တို့က ဘယ်လို သတင်းသွားပေးရမှာလဲ။ တစ်ခြားရွာက PDF တွေ သတင်းပေးရင်လည်း ဒလန်ဆိုပြီး ပစ်သတ်ခံရဦးမယ်။ သူတို့ကိုယ် သူတို့တောင်မှ မကာကွယ်နိုင်တာ။ ကျွန်တော်တို့က ဘာသွားယုံရမလဲ” လို့ အင်းကြီးကျေးရွာသား တစ်ဦးက ပြောပါတယ်။

အစည်းအဝေးကို ရွာပေါင်း ၆ ရွာက ရွာသူ ရွားသားများ မဖြစ်မနေတက်ရောက်ဖို့ ခြိမ်းခြောက်ခံရပြီး တက်‌ရောက်သူ ၁၀၀ ခန့်ရှိကာ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ ဒေသခံ တွေ့ဆုံပွဲ ဆိုပြီး အမည်တပ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဟောပြောသူတွေထဲမှာ စစ်ကောင်စီတပ်သားတွေ၊ ဌာနဆိုင်ရာ အရာရှိတွေ၊ ပျူစောထီးတွေ ပါဝင်ပြီး တော်လှန်ရေး လှုပ်ရှားမှုတွေကို သတင်းပေးမယ် ဆိုပါက သတင်းပေးသူကို လုံခြုံရေးအရ လျှို့ဝှက်ထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့က အစည်းအဝေး ပြုလုပ်တဲ့ ဘုန်းကြီးကျောင်း အပြင်ဘက်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေး ယူပေးထားတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကလည်း ရွာငံမြို့နယ်၊ တက်တောင်ကျေးရွာက ပျူစောထီး အယောက် ၄၀ ကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးခဲ့ပါသေးတယ်။

CJ-011

#MekongNews

#ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ

#PDF

#ပျူစောထီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now