မြန်မာ့နွေဦး

ရွာငံမြို့နယ်မှာ ထိန်းသိမ်းထားတဲ့ ပြည်သူ ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ မှော်ဘုရင်စစ်ကြောင်း ဆို

မဲခေါင် 29 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ မျှားကလေးကျေးရွာက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို မှော်ဘုရင် စစ်ကြောင်းက ထိန်းသိမ်းခဲ့ ပြီးနောက် အခု နေအိမ်ကို ကောင်းမွန်စွာ ရောက်ရှိနေပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ မျှားကလေးကျေးရွာက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို မှော်ဘုရင် စစ်ကြောင်းက ထိန်းသိမ်းခဲ့ ပြီးနောက် အခု နေအိမ်ကို ကောင်းမွန်စွာ ရောက်ရှိနေပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ မျှားကလေးကျေးရွာနေ စစ်ကောင်စီ သတင်းပေးဆိုသူနဲ့ သမက် တို့ကို ရှင်းလင်းစဉ် သမီးဖြစ်သူနဲ့ အိမ်နီးချင်း ဖြစ်သူတို့ကို တွေ့ရှိတဲ့ အတွက် လုံခြုံရေးအရ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ပြန်လွှတ်ပေးရာမှာ နေအိမ် အတွင်းက သိမ်းဆည်းခဲ့တဲ့ စာရွက်စာတန်းနဲ့ ငွေကြေးတွေကို ပြန်လည် ပေးအပ်ခဲ့တယ်လို့ မှော်ဘုရင်စစ်ကြောင်းက ဆိုပါတယ်။

”ထိန်းသိမ်းဖို့ ခေါ်ဆောင်လာတော့ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိတဲ့အတွက် ကြောက်တာပေါ့။ ဒါပေမယ့် ထိန်းသိမ်းခံရချိန် ဘယ်လို မေတ္တာထားပေးတယ် ဆိုတာ သိတယ်။ ဘယ်သူမှ အမုန်းတရား မရှိခဲ့ကြပါဘူး။ ပြန်လွတ်ပြီးတဲ့ အချိန်မှာ စကစ က သံသယနဲ့ စောင့်ကြည့်တာမျိုးရှိတယ်” လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်လာစဥ် လမ်းခရီး နှောင့်နှေးမှုတွေ ရှိသလို လုံခြုံရေးအရ နေရာ တစ်ခုမှာ ထိန်းသိမ်းရတာက အခက်အခဲတွေ ရှိတယ်လို့လည်း မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမပါပဲ။ သူတို့ အဖေတွေ ဒလန် ဆိုပေမယ့် သူတို့မှာ အပြစ်ရှိမနေဘူးပေါ့။ အဲ့အတွက် ကျွန်တော်တို့က သူတို့ကို ပြည်သူ အနေနဲ့ပဲ ကောင်းကောင်းမွန် မွန် ဆက်ဆံတယ်။ သူတို့ကို တာဝန်ယူရတဲ့ အပိုင်းတွေမှာ မိန်းကလေး ဖြစ်နေတော့ ပိုဆိုးပါတယ်။ မိန်းကလေး အသုံးအဆောင် ပစ္စည်းကအစ ဖြည့်ဆည်းပေးရတာ ဆိုတော့လေ။ ရေချိုးဖို့က အစပေါ့” လို့ သူကရှင်းပြပါတယ်။

စစ်ကောင်စီ သတင်းပေးဒလန် ဆိုသူ ၂ ဦးက ဦးဆောင်ပြီး ပြည်သူတွေ ဒူးထောက် မေးမြန်း စစ်ဆေးတာ၊ ခြိမ်းခြောက်တာတွေ လုပ်နေလို့ ပြည်သူတွေရဲ့ တောင်းဆိုမူအရ ပြီးခဲ့တဲ့ ဩဂုတ်လ၂၃ ရက်၊ ညပိုင်းမှာ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ မှော်ဘုရင်စစ်ကြောင်းက ပြောပါတယ်။

CJ -012

#MeKongNews

#မှော်ဘုရင်စစ်ကြောင်း

#လုံခြုံရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now