မဲခေါင်၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ PDF တပ်ဖွဲ့ရဲ့ ၂ ရက်ဆက် တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦး သေဆုံးတယ်လို့ HERO ARMY -KHIN-U အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့က ရေဦးမြို့နယ် ကြာဖူးအဝိုင်း အနီးမှာ ဆိုင်းဘုတ်တင် အခမ်းအနား ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သား တွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ HERO ARMY -KHIN-U အဖွဲ့က ဆိုပါတယ်။
ဒီနေ့ မနက် ၈ နာရီ ၂၁ မိနစ်ခန့်ကလည်း ရေဦးမြို့နယ် ကြာဖူးအဝိုင်းရဲ့ တောင်ဘက် ရထားသံလမ်းဘက်သို့ ဆင်းလာတဲ့ စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ HERO ARMY -KHIN-U က ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်ပေမယ့် ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
MK-003