မြန်မာ့နွေဦး

ရေစကြိုမှာ ကျေးရွာ ၁၂ ရွာက နေအိမ် ၁၆၀ ကျော် မီးရှိ့ဖျက်ဆီးခံရ

မဲခေါင် 27 Dec - 2022
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ကျေးရွာ ၁၂ ရွာရှိ နေအိမ်ပေါင်း ၁၆၂ လုံးမီးရှိ့ဖျက်ဆီးခံခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂၆ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၂ ရွာရှိ နေအိမ်တွေနဲ့ ပခုက္ကူ- မန္တလေးကားလမ်းမပေါ်ရှိ အောင်မိုးလမ်းဆုံက စားသောက်ဆိုင်ကြီး ၂ ဆိုင်အပါအဝင် နေအိမ်ပေါင်း ၁၆၂ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ရေစကြို(ပအဖ)က အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ ကျေးရွာတွေရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို ခိုးယူ လုယက်ယူဆောင်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ချက်ပြုတ်စားသောက်တာ၊ အပြစ်မဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ရေစကြို(ပအဖ)အဖွဲ့က ဆိုပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာ ၁၂ ရွာမှာ ဆင်ခြေယာ၊ မြေစွန်းတော်၊ မာလကာခြံ၊ ရွာထောင်၊ ဆပ်သွား၊ ကုန်းရင်း၊ ငါးမြာကြီး၊ ဗြဘ(အနောက်)၊ ပိတ်သင်းကပ်၊ သစ်ခေါက်ဆိပ်၊ ထန်းပင်ချောင်း၊ ရွာသာအေးရွာ တို့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းကလည်း ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာကို ပျူစောထီးအဖွဲ့တွေနဲ့ ဝင်ရောက်ပစ်ခတ်ကာ နေအိမ် ငါးလုံးကိုဖျက်ဆီးခဲ့ပြီး နေအိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းဥစ္စာ‌တွေကို ခိုးယူလုယက် ယူဆောင်သွားခဲ့ကြတယ်လို့ ရေစကြို(ပအဖ)အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ မီးဘေးသင့် မိဘပြည်သူတွေကို ထောက်ပံ့ကူညီ လှူဒါန်းမှုတွေ ပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီဝန်ထမ်း၊ တပ်မိသားစုတွေ တရုတ်ဘက် ထွက်ပြေးဖို့ ညှိုနှိုင်းနေ

စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်က နန်းတုတ်ရွာကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်

ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြောင်းခြံတွေထဲ ကျပြီး မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွယ်ဂျယ်အနီးက အရေးပါတဲ့ ယောယုံစစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

တရုတ် - မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မတ်လ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ် ၂၈ ရက်နေ့ကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now