မဲခေါင်၊ မတ် ၁၈
ရန်ကုန်မြို့ တစ်နေရာမှာ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဦးဆောင်ပြီး “ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
“ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်” စာသားဟာ ပြည်သူ့ အနုပညာရှင်များ ဖြစ်ကြတဲ့ ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ ဦးဆောင် ပါဝင်ထားတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ဇာတ်ကား အမည် ဖြစ်သလို အကြမ်းဖက် စစ်ကောင်စီအတွက် အနုပညာ ရာဇသံ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ ချိုးဖောက်ခံရမှုတွေကို ကိုယ်ချင်းစာပြီး ယခုအချိန်ထိ ပြည်သူလူထုနဲ့ တသားထဲ ရပ်တည်နေတဲ့ ပြည်တွင်း၊ ပြည်ပ၊ လွတ်မြောက်ဒေသတွေမှာရှိတဲ့ အနု ပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရင်ထဲက သမိုင်းဝင် အကယ်ဒမီဆု အသီးသီး ရယူသိမ်းပိုက်ထားပြီး ဖြစ်သလို တော်လှန်ရေ အင်အားစုတွေနဲ့ ပြည်သူ တရပ်လုံးဟာ ပြည်သူ့ အနုပညာရှင်၊ အတတ်ပညာရှင်များနဲ့ အတူတူ ရှိနေပါကြောင်း သတင်းစကား ပါးပါရစေလို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့စည်းက ထုတ်ပြန်ထားပါတယ်။
MK-005