မြန်မာ့နွေဦး

ရခိုင်မှာ စစ်တပ်က ပြည်သူ ၁၀ ဦးကိုသတ်ပြီး နေအိမ် ၇ လုံး မီးရှို့ခဲ့မှု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖော်ထုတ်

မဲခေါင် 28 Dec - 2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှာ စစ်‌ကောင်စီတပ်က ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၇ လုံး မီးရှို့ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

ဆင်အင်းကြီးကျေးရွာမှ ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့တာဟာ ပုဏ္ဏားကျွန်း အခြေစိုက် ခြေမြန်တပ်ရင်း (၅၅၀) နဲ့ စစ်တွေမြို့၊ ပါဒလိပ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၄၄) တို့ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြပါတယ်။

အဲဒီ စစ်ကောင်စီ တပ်ရင်း ၂ ခုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာထဲဝင်ရောက်ပြီး ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ် ၇ လုံးကို မီးရှို့ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်တပ်က ဆင်အင်းကြီးကျေးရွာကို တိုက်ခိုက်ရာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပစ်ခတ်တာနဲ့ ဒရုန်းတွေ အသုံးပြု ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီးတော့ နေအိမ်တွေထဲ ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၁၀ ဦးအထိ သေဆုံးခဲ့ပြီး တစ်ဦးရဲ့ ခန္ဓာကိုယ်ကိုတော့ အခုချိန်ထိ မတွေ့ရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

သေဆုံးသူအချို့ရဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတွေ တွေ့ရှိရတာကြောင့် ညှဉ်းပမ်းနှိပ်စက်ခံရပြီးမှ သေဆုံးတာဖြစ်နိုင်တယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။

စစ်တပ်ဟာ အခုချိန်ထိ ဆင်အင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့အတွက် ဒေသခံ ရွာသားတွေအနေနဲ့ နီးစပ်ရာရွာတွေမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ “အသက်ပေးပြီး ကျွန်ခံနေတာ” လို့ PNFC အတွင်းရေးမှူး ပြော

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ အသက်ပေးပြီး ကျွန်ခံနေတာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးက ပြောကြားလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now