ဒီကနေ့ ဇန်နဝါရီ ၅ ရက်၊ မနက် ၉ နာရီ ၃၀ မိနစ်က ယောကျေးရွာမှာ ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက ၆၀ မမ ၈ လုံး ၊ ဒရုန်း ဗုံးသီး၂ လုံး အပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးအထိ နေရာမှာ သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး စစ်ကူတွေ ရောက်လာတာကြောင့် ဒေသခံ မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ လက်နက်အားကိုးပြီး ယောကျေးရွာနေ ပြည်သူတွေကို မဖြစ်မနေ ပျူသင်တန်းတက်ဖို့ ဖိအားပေး ခြိမ်းခြောက်ကာ ဆက်ကြေးတွေလည်း ကောက်ခံနေတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေကို Kanbalu Underground Warriors ၊ MPF U.18 ၊ လင်းယုန်နီ ၊ မြေပြင်လှုပ်ရှား ညီနောင် တွေနဲ့ ကန့်ဘလူ တောင်ခြမ်း Local အဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။