မဲခေါင်၊ ဇန်နဝါရီ ၁၃
ယင်းမာပင်မြို့နယ် မြောက်ခြမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီနေ့မှာ အကြမ်းဖက် စစ်တပ် ကျရှုံးရေး အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြ တော်လှန် ပြည်သူတွေက “တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” ဆိုတဲ့ စာသား ကိုင်စွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြ ခဲ့ကြတာပါ။
ဆန္ဒပြ ပြည်သူတွေဟာ နယ်မြေ မငြိမ်သက်မှုကြားထဲက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။
MK-003