မြန်မာ့နွေဦး

မြောင်ဒေသ အခြေစိုက် RBDF တပ်ဖွဲ့ စနိုက်ပါ သေနတ် ထုတ်လုပ်အောင်မြင်

မဲခေါင် 7 Aug - 2023
မဲခေါင်၊ သြဂုတ် ၇ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်တဲ့ Royal Brother Defence Force-RBDF က စနိုက်ပါ သေနတ် ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်တဲ့ Royal Brother Defence Force-RBDF က စနိုက်ပါ သေနတ် ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

မီတာ ၆၀၀ အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ ကျည် ၅ ထောင့်ထိုး စနိုက်ပါ အမျိုးအစား ဖြစ်ပြီး လက်ရှိ ၄ လက် ထုတ်လုပ်ထားပြီဖြစ်လို့ မြင်းခြံ အခြေစိုက် Myingan 9 star အဖွဲ့ကို တစ်လက် လှူတန်း အားဖြည့်ထားပြီး ဒေါင်းနီ တော်လှန်ရေးအဖွဲ့ကို ထပ်မံ လှူဒါန်းမယ်လို့ ဆိုပါတယ်။

“ကုန်ကြမ်းပစ္စည်းတွေ စုံလို့ရှိရင် တစ်လက်ကို ၂ ပတ်လောက် အချိန်ပေးပြီး ထုတ်နိုင်တယ်။ ကုန်ကျစရိတ် ကတော့ တစ်လက်ကို ၅ သိန်း ဝန်းကျင်ပါ။ အခုတော့ ၄ လက် ထုတ်ထားပြီးပြီ” လို့ Royal Brother Defence Force တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လက စတင်ကာ CDSOM – မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ အဖြစ် တူမီး လက်နက်နဲ့ စတင်တော်လှန်ခဲ့ရာ လက်ရှိ Royal Brother Defence Force အဖြစ် ရပ်တည်ကာ အဆင့်မြင့် စနိုင်ပါ ကိုယ်တိုင် ထုတ်လုပ်နိုင်ပြီလို့ သူကဆိုပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ အဖွဲ့က အညာသား တောင်သူတွေ ဆိုတော့ မိဘပိုင် လယ်ယာတွေကို ရရာဈေးနဲ့ ပေါင်နှံရောင်းချပြီး တော်လှန်ရေးခရီးကို ဆက်ခဲ့တာပါ။ စတင်တော်လှန်တုန်းက တူမီးနဲ့ပဲစခဲ့တာ မောင်းပြန် တစ်လက်မှတောင် မရှိခဲ့ဘူး” လို့ သူက ဆိုပါတယ်။

လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ကာ စစ်အာဏာရှင်ကို တော်လှန်စက လက်လုပ် သေနတ်တွေနဲ့ တော်လှန်ရင်း မယှဉ်နိုင်လို့ ပြေးလွှားရှောင်တိမ်းကြရာ စိတ်ဓာတ် ကျဆင်းရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မတရားမှုကို တော်လှန်ရာမှာ တတ်စွမ်းနိုင်သလောက် မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ်ကြောင်း၊ “ လက်နက်ရှိမှ တော်လှန်မယ်ဆိုရင် လက်ရှိအနေအထားအထိ ရောက်လာနိုင်စရာ မရှိဘူး” ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ် မြှင့်တင်ပေးမှုကြောင့် စစ်ကောင်စီကို တာဝေးပစ် ရှော့တိုက်ဒုံး တွေနဲ့ ပြန်ပစ်နိုင်တဲ့ အနေအထား ရောက်လာတာဖြစ်ကြောင်း Royal Brother Defence Force ခေါင်းဆောင်က ပြောပါတယ်။

CJ–005

#MekongNews

#Myingan9star

#CDSOM

#စနိုက်ပါ

#မြောင်

#RoyalBrotherDefenceForce

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now