မြန်မာ့နွေဦး

မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ KIA တိုက်ခိုက်

မဲခေါင် 26 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် စစ်ကာင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့၊ မနက်ပိုင်းက KIA အဖွဲ့က တိုက်ခိုက်ခဲ့တဘ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် စစ်ကောင်စီမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့၊ မနက်ပိုင်းက KIA အဖွဲ့က တိုက်ခိုက်ခဲ့တဘ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ မှန်တယ်။ မှန်တယ်။ လက်နက် အသေးနဲ့ အရင် လာပစ်တာ” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲဒီလို့ လာရောက် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပြန်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းက မြစ်ကြီးနား အထွက် အမြောက်တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်သံ ကြားတယ်လို့ မြစ်ကြီးနား မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ သူတို့ တပ်ကလေ။ ပမ္မတီးလေ။ အဲဘက်လေ။ အဲဒီ မြစ်ကြီးနား အထွက်နားက ထင်တယ်။ ဒူကထောင်ဘက် မြေကြီးတောင်တုန်တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားနဲ့ ထိစပ်နေတဲ့ ဝိုင်းမော်မြို့ ရပ်ကွက် (၅) ဘက်မှာလည်း အခိုင်အမာ ဆောက်ထားတဲ့ တိုက်အိမ်တွေ တုန်ပြီး သွပ်ပြားတွေတောင် လှုပ်ခါနေတယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ ဝိုင်းမော် ဘက်က ဘယ်လိုလဲ ဆိုတော့ မြစ်ပဲခြားတာ။ အဲဒီ ရပ်ကွက် (၅) ဘက်လေ။ အရင်နေ့က ဓားမြတိုက်ခံရတဲ့ ရပ်ကွက်ဘက်တော့ မြစ်ပဲခြားတာလေ။ ၅ ချက်တောင် မကဘူး။ ပထမ တစ်ခေါက် ကျမတို့က မိုးခြိမ်းတာ ထင်နေတာ။ မိုးနည်းနည်း ရွာနေတော့” လို့ သူက ရှင်းပြပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိတ်လန့်နေပြီး ပစ်ခတ်မှု နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အတိအကျ မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

CJ-008

#MeKongNews

#မြစ်ကြီးနား

#KIA

#မြောက်ပိုင်း_တိုင်းစစ်ဌာနချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now