မြန်မာ့နွေဦး

မောက်မယ်မြို့နယ်ထဲ RCSS က အင်အားဖြည့်တင်းလာလို့ တိုက်ပွဲဖြစ်မှာကို ပြည်သူတွေ စိုးရိမ်

မဲခေါင် 21 Jul - 2023
မဲခေါင် ၊ ဇူလိုင် ၂၁ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသ နဲ့ ကဒူးကြီးဒေသမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကျေးရွာတွေထဲကို တပ်အင်အား တိုးချဲ့လာတာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မဲခေါင် ၊ ဇူလိုင် ၂၁

မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသ နဲ့ ကဒူးကြီးဒေသမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကျေးရွာတွေထဲကို တပ်အင်အား တိုးချဲ့လာတာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

RCSS တပ်ဖွဲ့ တွေ အင်အား တစ်ရာခန့်ဟာ ဇူလိုင်လ ၁၂ ရက်နေ့မှာ မောက်မယ်မြို့နယ် ပုံးအောင်ဖက်ကနေပြီး ဟိုနမ့်ကျေးရွာအုပ်စုက ကျေးရွာတွေထဲကို အင်အားတိုးချဲ့လာခဲ့တယ်လို့ ဟိုနမ့်ဒေသခံတွေကပြောပါတယ်။

RCSS တပ်ဖွဲ့က အင်အား ဖြည့်တင်းတဲ့ ဟိုနမ့်အုပ်စုဟာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်လည်းရှိပြီး PNO ပြည်သူ့စစ်ဂိတ်ကို ဖြတ်ကျော်ပြီး အင်အားတိုးချဲ့လာတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း RCSS နဲ့ PNO ပူးပေါင်းအဖွဲ့က ဟိုနမ့်ကျေးရွာအုပ်စု ထီဖက်နမ်ဖက်မှာရှိတဲ့ PNLO တပ်စခန်းတစ်ခုကို လာရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါကြောင့် RCSSက အခုလို အင်အားဖြည့်တင်းလာမှုအပေါ် တိုက်ပွဲပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေက ကြောက်လန့်နေတာပဲဖြစ်ပါတယ်။

“ဟိုနမ့်ဖက်မှာက အင်အားဖြည့်လာတာ ၁၀၀ လောက်တော့ရှိတယ်။ ဟိုရွာဝင်လိုက် ဒီရွာဝင်လိုက် ပြီးရင် ပြန်သွားလိုက်ဆိုတဲ့ ပုံစံနဲ့လာတာ။ ဒီမှာက PNO ပြည်သူ့စစ်လည်းရှိတယ်။ PNLO လည်းရှိတယ်။ ဒါကြောင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်တာ” လို့ ဟိုနမ့်အုပ်စု ဒေသခံတစ်ဦးကပြောပါတယ်။

ထို့အတူ မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာလည်း ကဒူးကြီးကျေးရွာအုပ်စု နောင်ခိုင်းကျွေးရွာ ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်း၊ ရန်ကင်းကျေးရွာစာသင်ကျောင်းတွေထဲမှာ တပ်စွဲထားတဲ့ RCSS တပ်ဖွဲ့တွေက ဖိုးဝီးကားသုံးစီးနဲ့ အင်အားဖြည့်တင်းလာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

RCSS တပ်ဖွဲ့က အင်အားဖြည့်တင်းလာတဲ့ နေရာရဲ့ အနီးက တောင်ကုန်းပေါ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့တွေလည်းရှိတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

“တစ်ဖက်က တောင်ကုန်းပေါ်မှာ တစ်ဖက်က ရွာထဲမှာဆိုတော့ တိုက်ပွဲဖြစ်ရင် ရွာထိမှာလေ။ ရွာထဲမှာ တိုက်ပွဲမဖြစ်ဖို့ ဆုတောင်းပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

RCSS နဲ့ PNLO အဖွဲ့ဟာ နှစ်ဖွဲ့စလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်သလို နှစ်ဖွဲ့စလုံး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပေမယ့် နယ်မြေအငြင်းပွားမှု နယ်မြေကျူးကျော်လမှု ပြဿနာတွေကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

CJ-002
#MeKongNews
#RCSS
#မောက်မယ်
#ဒေသခံ
#PNLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now