စစ်ကောင်စီရဲ့ Su-30 စစ်တိုက်လေယာဉ်က MNDAA ရဲ့ မုံးကိုးခရိုင်၊ လိုင်ရင်တပ်စခန်းကို ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၁ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဗုံးကြဲမှုကြောင့် တပ်စခန်းပေါ် ဗုံးသီး ၁၀ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး MNDAA ဘက်မှ ၁ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုးကန့်အခြေစိုက် The Kokang က ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ကိုးကန့်ဒေသ အပါအဝင် နိုင်ငံတဝန်းက မြေပြင်တိုက်ပွဲတွေမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပါက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်လေ့ရှိလို့ အရပ်သားတွေ ထိမှန် သေဆုံး၊ ဒဏ်ရာရရှိမှု များပြားလာတယ်လို့ သိရပါတယ်။