နေ့ မနက် ၂ နာရီ ၅၀ မိနစ်မှစပြီး မုံရွာမြို့နယ် အတွင်းရှိ မုံရွာ-ချောင်းဦး လမ်းပိုင်း၊ မြေနဲ-ဗောဓိတစ်ထောင် လမ်းပိုင်း၊ မုံရွေး – ရွှေမြင်တင် လမ်းပိုင်း တို့ကို အသုံးပြုခွင့် ယာယီပိတ်ထားတယ်လို့ ဒေသခံ PDF အဖွဲ့ တွေက အသိပေးတာပါ။
နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ သွားလာတာ ယာယီ ရပ်ဆိုင်းထားဖို့နဲ့ တားမြစ်ထားတဲ့ ကြားက သွားလာလို့ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက လမ်းအသုံးပြုသူရဲ့ တာဝန်သာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
ဗောဓိတစ်ထောင် တောင်ကြောရှိ တောင်ခမောက်တောင်မှာ စစ်ကောင်စီတပ်တွေကို မနေ့က ညနေပိုင်းမှာ Mi-35၊ Mi-17 ရဟတ်ယာဉ်တို့နဲ့ အမြင့်မြို့ဟောင်းမှ တစ်ဆင့် သယ်ယူ ချထားခဲ့တာကြောင့် အခုလို လမ်းအသုံးပြုခွင့် ပိတ်ပင်ရတာ ဖြစ်တယ်လို့လည်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမြင့်ရဲစခန်းရှိ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း PDF တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီးနောက် စစ်တပ်ဘက်က အထိအခိုက်များစွာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ- စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့ ဗောဓိတစ်ထောင် တောင်ကြောရှိ တောင်ခမောက်တောင်။
ဓာတ်ပုံ – မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး။