မြန်မာ့နွေဦး

မိုးဗြဲမြို့ပေါ်က ပြည်သူ ၃ သောင်းနီးပါး ဒီကနေ့ မြို့ကိုစွန့်ခွာ ထွက်ပြေးရ

မဲခေါင် 16 Jun - 2023
မဲခေါင်၊ ဇွန် ၁၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အထူးစစ်ဆင်ရေး လုပ်နေတာကြောင့် ဒီနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ပြည်သူ ၃ သောင်းဝန်းကျင် မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အထူးစစ်ဆင်ရေး လုပ်နေတာကြောင့် ဒီနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ပြည်သူ ၃ သောင်းဝန်းကျင် မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်မှာရှိတဲ့ နီးစပ်ရာ မြို့နဲ့ ကျေးရွာတွေမှာ စစ်ဘေးရှောင်နေရပြီလို့ ဆိုပါတယ်။

“ စစ်ရှောင် ပြည်သူတွေက ၂ သောင်းကျော် ၃သောင်း နီးပါး ရှိမယ်လို့ အုပ်ချုပ်ရေးပိုင်းထဲက ပြောပါတယ်။ အခက်ခဲတွေ အများကြီးပေါ့။ တစ်ချို့လည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ရှောင်ကြသလို တစ်ချို့လည်း ဒီတိုင်းပဲ ရှောင်ကြရတာပေါ့။ ကူညီတဲ့ သူတွေလည်း တတ်နိုင်သလောက် ကူကြတာပေါ့” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲကို အထူးစစ်ဆင်ရေးအဖြစ် စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ အပြင် တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက စတင်ပြီး မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က အတွဲလိုက် ဒုံးလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကနေ လက်ရှိအချိန်ထိ မိုးဗြဲမြို့ပေါ် လူနေရပ်ကွက်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်တာ၊ စစ်ကြောင်းထိုး ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်လို့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးပါဝင်ကာ အမျိုးသမီး ၂ ဦးကိုတော့ စစ်ကောင်စီတပ်သားတွေ အဓမ္မပြုကျင့်ပြီး ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ မိုးဗြဲ ဒေသခံတွေက ပြောပါတယ်။

CJ-004

#MeKongNews

#မိုးဗြဲမြို့

#စစ်ဘေးရှောင်

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now