မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၂၂၃ နဲ့ ရဲ CDM အဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၁ မနက် ၁၂ နာရီခွဲလောက်က တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ခမရ ၁၁၄ ဂိတ်အဝင်ဝကို RPG2 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းများက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ရင်းအနေနဲ့ ၆၀မမ ၁ လုံး၊ M9 ၃ လုံး ခမရတပ်အတွင်းကို ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖက်ကလည်း စက်သေနတ်နဲ့ မရပ်မနား ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဖက်က လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ကာ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွါလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွါးချိန်မှာ ပြည်ထောင်စုလမ်းမကြီးပေါ်က သွားလာနေသောကားတွေ ခဏရပ်တန့်စေခဲ့ရပါတယ်။
တိုက်ပွဲဖြစ်ပွါးချိန် မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တပ်တွင်းသတင်းအရ ဗိုလ်အဆင့်ရှိနှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် မဲခေါင် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
MK-001