မြန်မာ့နွေဦး

မိုင်တဲလ်ကုမ္ပဏီရဲ့ မန်နေဂျာ ဗိုလ်မှူးဟောင်း ပစ်သတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ လူငယ် ၄ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

မဲခေါင် 3 Jan - 2023
စစ်တပ်ပိုင် မိုင်တဲလ် ဆက်သွယ်ရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဗိုလ်မှူးဟောင်း ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးထားသူ လူငယ် ၄ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်မှာ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

တော်လှန်ရေး ရဲဘော် ၃ ဦးနဲ့ ပြည်သူ တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ အင်းစိန်ထောင်တွင်းတရားရုံးမှ ဒီဇင်ဘာလ ၂၉ ရက်နေ့က နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ Yangon Revolution Force – YRF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖမ်းဆီး ထောင်ချခံရသူတွေဟာ အသက် ၂၀ အရွယ် ကိုစစ်ဇော်ကံ၊ အသက် ၂၆ နှစ်အရွယ် ကိုဗညားစိုးထက်၊ အသက် ၃၅ နှစ်အရွယ် ကိုစိုင်းစည်သူ နဲ့ အသက် ၂၅ နှစ်အရွယ် မဖြိုးအိကျော်တို့ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထောင်ချတဲ့ လူငယ် ၄ ဦးအနက် ကိုစိုင်းစည်သူဟာ ပြည်သူတစ်ဦးဖြစ်ပြီး ကျန်တဲ့ ၃ ဦးဟာ ရန်ကုန် တော်လှန်ရေး အင်အားစု အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ YRF က အသိပေးထားပါတယ်။

စစ်ကောင်စီချမှတ်တဲ့ ပြစ်ဒဏ်တွေမှာ ကိုစစ်ဇော်ကံ ထောင်ဒဏ် ၇၄ နှစ်၊ ကိုဗညားစိုးထက် ထောင်ဒဏ် ၇၄ နှစ်နဲ့ မဖြိုးအိကျော် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် YRFမှ ရဲဘော်တွေနဲ့ သက်ဆိုင်မှု မရှိတဲ့ ပြည်သူဖြစ်သူ ကိုစိုင်းစည်သူကို ထောင်ဒဏ် ၄၀ နှစ် အသီးသီး အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှာ မိုင်တဲလ်ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာ ဗိုလ်မှူးဟောင်း ဦးသိန်းအောင်နဲ့ ဇနီးဟာ မရမ်းကုန်မြို့နယ်၊ တေးနုယဉ်လမ်း နေအိမ်အနီးမှာ ပစ်ခတ်ခံရတာပါ။

ပစ်ခတ်မှုကြောင့် ဗိုလ်မှူးဟောင်း ဦးသိန်းအောင်ဟာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အခင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာချိန်မှာ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သူ ၄ ဦးကို ဖမ်းမိပြီဆိုပြီး စစ်ကောင်စီက သတင်းဖြန့်ခဲ့တာလည်း ဖြစ်ပါတယ်။

သံတိုင်‌တွေ နောက်မှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့ မတရား အကျဉ်းကျခံ ရဲဘော်တွေကို အထူးလေးစား အသိမှတ်ပြုကာ မိမိတို့ အနေနဲ့ စစ်အာဏာနာရှင်စနစ် အမြစ်ပြတ် ချေမှုန်ရေး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ Yangon Revolution Force – YRF က ကတိပြုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now