မြန်မာ့နွေဦး

မတ္တရာမှာ စစ်ကောင်စီတပ်နဲ့ PDF ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

မဲခေါင် 25 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ တပ်လာစွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၃ ဦး သေဆုံးတယ်လို့ Unicorn ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ တပ်လာစွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၃ ဦး သေဆုံးတယ်လို့ Unicorn ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

မတ္တရာမြို့နယ်၊ ပိုဝတောင်ရွာမှာ အင်အား ၄၀ လောက်နဲ့ တပ်လာစွဲတာကို ကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ် အပါအဝင် ဒရုန်း အသုံးပြုပြီး ဗုံးသီး အလုံး ၂၀ ခန့်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်တပ်က ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ညနေကတည်းက ပိုဝတောင်ကို ဝင်လာတာဖြစ်ပြီး ဒေသခံ ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့နဲ့ ၂၁ ရက် မနက်ပိုင်း ကတည်းက စတင်တိုက်ခိုက်တာဖြစ်ကာ ၂၂ ရက်နေ့မှာ စစ်သား ၃ ဦး သေဆုံးတာလို့ သိရပါတယ်။

“ ဒေသခံများ ပြောကြားချက်အရ နာရေးကားနဲ့ ၃ ကောင် လာသယ်သွားသည်ဟု သိရပြီး အမှန်တကယ် သေဆုံးခြင်းရှိမရှိကို အတည်မပြုနိုင်သေးပေ” လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်း အစောကြီးမှာတော့ စစ်တပ်က ပိုဝတောင်ရွာကနေ သဖန်းဒေါင့်ရွာဘက်ကို ဆက်ထွက်သွားတယ်လို့ Unicorn ပြောက်ကျား တပ်ဖွဲ့တာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မဲခေါင်သတင်း အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အပြန်အလှန် တိုက်ခိုက်နေချိန်အတွင်း ပိုဝတောင်ရွာက နေအိမ် ၂လုံး၊ ဆိုင်ကယ်တစီး ပျက်စီးခဲ့ပြီး နွား ၂ ကောင် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းစဉ်မှာတော့ စစ်တပ်က အသုံးပြုတဲ့ ၅ ဒသမ ၅၆ ကျည် ၁၂ တောင့်၊ ၉ မမ ကျည် ၂ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း တာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေး အင်အားစု၊ ADRF၊ ABRF၊ မိုးကြိုးပြောက်ကျားနဲ့ Unicorn Guerrilla Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က စစ်တပ်နဲ့ပေါင်းနေတဲ့ မတ္တရာမြို့ပေါ်က ရွှေပြည်အညာ KTV လုပ်ငန်း ရပ်နားဖို့ ပြောက်ကျားတပ်တွေက အသံဗုံးသီးကြဲကာ သတိပေး တိုက်ခိုက်ခဲ့ပါသေးတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်နဲ့ ကားတစ်စီး သိမ်းမိ

မဲခေါင်၊ ဧပြီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အနောက်တောင်ဘက် တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခိုလမ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ သွားလာသူတွေကို ငွေတောင်းနေ

စစ်ကောင်စီဂိတ်မှာ သွားလာတဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၆ ရက်မှာ သေနတ်ထောက်စစ်ဆေးပြီး တစ်ဦးကို ငွေတစ်သိန်းတောင်းလို့ ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မဲနှိုက်ခွင့်မပေးဘဲ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်ရောက်လာ

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ကို မဲနှိုက်ခွင့်မပေးဘဲ ချက်ချင်း စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ရောက်လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နိုင်ငံရေးပို့စ်တွေ မျှဝေလို့ အင်းလေးဒေသခံ ၂ ဦး ဖမ်းခံရ

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမ၊ ပြင်လွန်ရပ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ဦးဟာ ဒီနေ့ (ဧပြီ ၁၇)အထိ ပြန်မလွတ်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိတ်ဖြူမြို့နယ်က စစ်ကောင်စီ ကပစ-၂၁ ကို PDF တိုက်ခိုက်

ဆိတ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ-၂၁ (ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ) ကို ဧပြီ ၁၆ ရက် မနက်ပိုင်းက PDF တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သင်္ကြန်ကာလ ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီအရာရှိတွေအပါ ၁၅ ယောက်သေဆုံး

ဆီဆိုင်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီ အရာရှိတွေအပါ ၁၅ ယောက်သေဆုံးကာ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ PNLA က ဧပြီလ ၁၆ ရက်ည က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ထောင်ကနေပြောင်းဖို့ စစ်ကောင်စီပြင်ဆင်

NLD ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ကနေ ပြောင်းရွေ့လိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာတိုက်ပွဲ စစ်ကောင်စီ ၂၁ ယောက်သေ၊ မန္တလေး PDF ဘက်ကလည်း ကျဆုံးမှုတွေရှိ

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၁ ယောက်သေတယ်လို့ မန္တလေး PDF က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now