မဲခေါင်၊ မတ် ၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘုရားနီလမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်မှာ စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို သေနတ်အစစ်သုံး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့တာ ဒီကနေ့ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ဘုရားနီ သပိတ်မှာ စစ်တပ်က သတ်ဖြတ်ခဲ့လို့ ကျဆုံးခဲ့ရတဲ့ ပြည်သူ ၈ ဦးနဲ့အတူ နိုင်ငံအနှံ့ ကျဆုံးခဲ့တဲ့ ပြည်သူတွေကို လွမ်းဆွတ် သတိရတဲ့ အနေနဲ့ ဂါရဝပြု သပိတ်ကို ဒီကနေ့ မုံရွာမြို့ တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သပိတ်ကို မုံရွာလူငယ်များ အစည်းအရုံး၊ မုံရွာ တော်လှန်လူငယ်များ ကွန်ရက်နဲ့ မုံရွာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
MK-007