မြန်မာ့နွေဦး

ဗားကရာလမ်းက ဘုန်းကြီးကျောင်းမှာ ဗုံးသီးနဲ့သေနတ် တွေ့တယ်ဆိုပြီး စစ်တပ်က သတင်းဖြန့်

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်းရှိ အနောက်ဥယျာဉ်တိုက် ဘုန်းကြီးကျောင်း အတွင်း ဗုံးသီးတွေနဲ့ သေနတ် ရှာဖွေ့တွေ့ရှိခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာ အချို့မှာ ဝါဒဖြန့် သတင်း ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်းရှိ အနောက်ဥယျာဉ်တိုက် ဘုန်းကြီးကျောင်း အတွင်း ဗုံးသီးတွေနဲ့ သေနတ် ရှာဖွေ့တွေ့ရှိခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာ အချို့မှာ ဝါဒဖြန့် သတင်း ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီခွဲက ဘုန်းကြီးကျောင်း အတွင်းရှိ အမှိုက်ကန်ထဲမှ စက္ကူပုံး အတွင်း ၄၀ မမ ဗုံးသီး ၁၇ လုံးနဲ့ ကျောင်းရှေ့ ပန်းခြံ အတွင်း AK-47 သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

“ မနေ့ ညက ၆ နာရီကျော် အချိန်က ရဲကား တစ်စီး ထွေအုပ်ရုံးကနေ ဗားဂရာလမ်း အတိုင်း မြေနီကုန်းဘက် တက်သွားတယ်။ ည ၈ နာရီ ၅၀ မိနစ်ကျော် လွှတ်တော်ကနေ ဗဟိုလမ်း အတိုင်း ရှမ်းလမ်း မီးပွိုင့်ကနေ ဗားဂရာလမ်း အတိုင်း ဂျောက်ထဲ ဆင်းသွားတယ်။ အဲ့လိုသာ ဘုန်းကြီးကျောင်းမှာ မိကြည့်ပါလား။ တစ်ရပ်ကွက်လုံး တစ်ညလုံး အိပ်ရမယ် ထင်လို့လား။ တစ်အိမ်တက်ဆင်း ဧည့်စာရင်း အကြောင်းပြပြီး ဝင်စစ်နေမှာ။ PDF တွေကလည်း အဲ့လို နေရာမျိုး ထားမလားဗျာ” လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ ဗုံးသီးနဲ့ သေနတ်မိတယ်ဆိုတဲ့ သတင်း ပြည်သူတွေ မကြားမိ သလို အဆိုပါ အချိန်အတွင်း စစ်ကား ရဲကားများ မြို့နယ်အတွင်း ကင်းပတ်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို သတင်းလွှင့်တာဟာ စမ်းချောင်းမြို့နယ် အတွင်း စစ်ဆေးမှုတွေ တင်းကျပ်ဖို့ ရည်ရွယ်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

မနေ့ည ၉ နာရီခွဲကျော်က ဗားဂရာလမ်းမပေါ်ရှိ ဥယျာဉ်တိုက် ကျောင်းအပေါက်ဝမှာ စစ်ကား ၃ စီးနဲ့ ရဲမီးတန်းကား တစ်စီး ရပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်သား အယောက် ၂၀ ခန့်က ဘယ်ညာပိတ်ကာ စစ်ဆေးမှုတွေ ပြုလုပ်ကာ ည ၁၀ နာရီကျော်မှာ ပြန်လည်ထွက်ခွာသွားရာ ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ မျက် မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

MK-005
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ ပျက်စီး

စစ်ကောင်စီရဲ့ ဆိုက်ခေါင်အထိုင်ချ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မွေတော်ဘုရားကုန်း ပျက်စီးနေတဲ့ပုံတွေ ဒေသသတင်းအရင်းအမြစ်တွေ လူမှုကွန်ရက်မှာဖော်ပြပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးဒေသရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းစာရင်းနဲ့ ထောက်ပံ့ငွေ လိုက်ကောက်နေ

ညောင်ရွှေမြို့နယ် ကျေးရွာအားလုံးကို စစ်မှုထမ်းဖို့ နာမည်စာရင်းတွေနဲ့အတူ ထောက်ပံ့ငွေပေးဖို့ တစ်အိမ် ကျပ် ၂ သောင်းကို အုပ်ကြီးတွေက ကောက်ခံနေတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီဝန်ထမ်း၊ တပ်မိသားစုတွေ တရုတ်ဘက် ထွက်ပြေးဖို့ ညှိုနှိုင်းနေ

စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်က နန်းတုတ်ရွာကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်

ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြောင်းခြံတွေထဲ ကျပြီး မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွယ်ဂျယ်အနီးက အရေးပါတဲ့ ယောယုံစစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

တရုတ် - မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မတ်လ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ် ၂၈ ရက်နေ့ကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now