မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင် 28 May - 2023
မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW က ဒီကနေ့ မေလ ၂၈ ရက်မှာ မဲခေါင်သတင်းဌာနကိုပြောပါတယ်။

မဲခေါင်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW က ဒီကနေ့ မေလ ၂၈ ရက်မှာ မဲခေါင်သတင်းဌာနကိုပြောပါတယ်။

မေလ ၂၂ ရက်ကနေ ၂၈ ရက်ထိတိုက်ပွဲတွေအတွင်း စစ်ကောင်စီ အရာရှိကြီး ၅ ဦးအပါအဝင် အရာရှိ ၁၃ ဦးသေဆုံးသွားပြီး စစ်သား ၃၀ နီးပါးသေဆုံးသွားတယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။

“မေလ ၂၂ ရက်နေ့က စဖြစ်တာပေါ့။ နံသာအောင်ကုန်းကနေ ရွာသာယာဘက်ကို စစ်ကောင်စီတပ်တွေ ထွက်လာတော့ ပျောက်ကြားဝင်တိုက်တယ်။ အထိအခိုက်အသေဆုံးတော့မသိရဘူး။

၂၃ ရက်နေ့ကတော့ ထိပ်တိုက်တွေ့တယ်။ ကျွန်တော်တို့ဘက်က ပျောက်ကြားလည်း နိုင်နိုင်နင်းနင်းတိုက်နိုင်ခဲ့တော့ မျက်မြင်အရ ၁၅ ယောက်လောက်သေတယ်။ အဲ့ဒီ့နေ့မှာပဲ စစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ဗုံး ၈ လုံးလာကြဲတယ်။ ရွာသာယာဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်။ ၂၄ မှာ နားပြီး ၂၅ မှာ ထပ်ဖြစ်တော့ ရွာသာယာ ကနေရှေ့တိုးလာတယ်။ ကျွန်းတောကျေးရွာနားမှာဖြစ်မယ်။ ပြင်းပြင်းထန်ထန်တိုက်ပွဲလည်းဖြစ်ခဲ့တော့ သူတို့ဘက်က ၂၁ ကောင်သေတယ်လို့ သတင်းရတယ်။ PDF ရဲဘော် ၂ ဦးလည်း အသက်ပေးလိုက်ရတယ်။ အဲ့နေ့မှာ လေကြောင်းနဲ့ ၄ ကြိမ်လာကြဲလို့ အသက် ၉၀ ကျော် အဘွားတစ်ယောက်သေဆုံးသွားတယ်။”လို့ OKSAW ကပြောပါတယ်။

မနေ့က ညနေပိုင်းမှာလဲ ABSDF က ရွာသာယာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပျောက်ကြားတိုက်ခိုက်ခဲ့လို့ တပ်ကြပ်အဆင့်ရှိသူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတာကို မျက်မြင်တွေ့လိုက်တယ်လို့ ဆိုပါတယ်။

ဗန်‌းမောက်မြို့ထဲကို အရာရှိ ၁၃ လောင်းဝင်ခဲ့ပြီး အရာရှိကြီး ၅ ဦးသေဆုံးသွားလို့ လစ်လပ်သွားတဲ့ ရာထူးတွေကို စစ်ကောင်စီက မနေ့က ရဟတ်ယာဉ်နဲ့ လူသစ်တွေ လာပို့သွားတယ်လို့ OKSAW ကပြောပါတယ်။

လက်ရှိမှာတော့ စစ်ရေးအခြေအနေတင်းမာနေပြီး ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် မနေ့က ညနေပိုင်းမှာပဲ အနီးအနား စစ်ရှောင်အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ကာ ဓားစာခံအနေနဲ့ ဖမ်းဆီးပြီး ပြန်‌ဆုတ်သွားတယ်လို့ ဆိုပါတယ်။

“မကြာခဏသူတို့တိုက်ခိုက်ခံနေရတော့ မလုံခြုံဘူးလို့ ထင်ပြီး ရွာသာယာနားက စစ်ရှောင် အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ပြန်တော့ဆုတ်သွားတယ်။ စစ်ရေးကတော့ တင်းမာနေဆဲပဲ။ ဒီစစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ်အနိုင်ကျင့်တယ်။ လိင်အကြမ်းဖက်မှုတွေအစ ပြုလုပ်နေတဲ့ စစ်တပ်လည်းဟုတ်တယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို ဘယ်လိုမှလက်ခံလို့မရဘူး ဆက်တိုက်သွားမှာဆိုတော့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်ပါတယ်”လို့ OKSAW က ပြောပါတယ်။

MK-007

#MeKongNews

#ABSDF

#ဗန်းမောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ မိုင်းရှင်းဖို့အတွက် ပြည်သူ့စစ်က တစ်အိမ် ၁ သိန်း ကောက်ဖို့စီစဉ်

ဆီဆိုင်မြို့နယ်တစ်ခုလုံးမှာ မိုင်းရှင်းလင်းဖို့အတွက် ပအိုဝ်းပြည်သူ့စစ် (PNA)က တစ်အိမ် ၁ သိန်း ကောက်ခံမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံနဲ့မိုးဗြဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

ယ်ခုံနဲ့ မိုးဗြဲက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှမ်းတောင်တော်လှန်ရေးအဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝန်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွယ်ဂျယ် ခလရ-၁၄၂ တပ်တွင်းမှ ငွေအများအပြား KIA သိမ်း၊ စစ်ကောင်စီတပ်က တရုတ်ငွေနဲ့ ကျောက်စိမ်းတွေ ယူပြီး တရုတ်ထဲ ထွက်ပြေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ခလရ - ၁၄၂ ထဲက ငွေ အများအပြားနဲ့ ပစ္စည်းတချို့ကို ဧပြီလ ၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းဆည်း ရရှိထားကြောင်း KIA အသိုင်းအဝိုင်းဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now