မြန်မာ့နွေဦး

ဗထူးတပ်နယ်မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် စည်းရုံးရေးဆင်းပြီး စစ်ရေးပြင်ဆင်

မဲခေါင် 19 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ အတွင်း ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်ဦး-DPLA က မနေ့ ညနေပိုင်းမှာ ဒေသခံတွေကို စည်းရုံးရေးဆင်းပြီး စစ်ရေး အတွက် လေ့လာခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ အတွင်း ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်ဦး-DPLA က မနေ့ ညနေပိုင်းမှာ ဒေသခံတွေကို စည်းရုံးရေးဆင်းပြီး စစ်ရေး အတွက် လေ့လာခဲ့တယ်လို့ သိရပါတယ်။

“မနေ့ ညနေပိုင်း သိပ်မမှောင်ခင် ရောက်လာပြီး ညအထိပေါ့နော်။ ရွာထဲဝင်လာပြီး တော်လှန်ရေးမှာ ပါဝင်ကြဖို့ စည်းရုံး ဟောပြောတယ်။ ရွာထဲ လှည့်ကြည့်တယ်။ ခွေး (စစ်ကောင်စီ) တွေ ဘယ်သွားပုန်းလဲမသိ၊ အဲ့အချိန် တစ်ယောက်မှ မရှိတော့ဘူး” လို့ ကောင်းဘို့ကျေးရွာမှာ နေထိုင်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်ဦး-DPLA ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက် ဗထူးတပ်နယ်ဖြစ်တဲ့ ရပ်စောက်မြို့နယ် အပါအဝင် ဓနုဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေက ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး အကြောင်းပြ စခန်းချ နေထိုင်နေတာ ဖြစ်ပါတယ်။

ကောင်းဘို့ကျေးရွာမှာလည်း စစ်ကောင်စီ အင်အား ၁၀၀ ခန့် ချထားပြီး ညောင်ပင်သာ ဘုန်းကြီးကျောင်းမှာ အများဆုံး စခန်းချနေထိုင်ကာ အနီးပတ်ဝန်းကျင်ရွာက ဘုန်းကြီးကျောင်းတွေမှာလည်း စခန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် စခန်းချထားတဲ့ စစ်ကောင်စီတပ်မှာ သက်ကြီးပိုင်းနဲ့ စစ်သင်တန်း ဆင်းခါစ ရဲဘော် အများစု ပါ၀င်နေလို့ DPLA တပ်ဖွဲ့တွေ ၀င်ရောက်လာစဥ် တိမ်းရှောင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဗထူးတပ်ကြီး အနားမှာထားပြီး လာစောင့်တဲ့ စစ်သားတွေက ကလော တပ်မ (၅၅) တို့၊ တောင်ကြီးတပ်တို့ တွေကနေ လာတာ။ နေရာတကာ ၁၀ ယောက် တစ်ကြောင်းနဲ့ ရွာပတ်ပြီး အင်အားပြနေတာ နေ့တိုင်းပဲ” လို့ နောက်ထပ် ကျေးရွာနေသူ တစ်ဦးက ပြောပါတယ်။

ကောင်းဘို့ရွာနဲ့ အနီးတဝိုက်ကျေးရွာတွေမှာ လာရောက် စခန်းချထာ’တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ ကားတွေကို အတင်းအဓမ္မယူပြီး အရပ်ဝတ်၊ အရပ်ကားနဲ့ သွားလာလေ့ ရှိတယ်လို့ သိရပါတယ်။

ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်ဦး-DPLA ဖွဲ့စည်းပြီးနောက် ဓနုဒေသတွေဖြစ်တဲ့ ရွာငံ၊ ပင်းတယ၊ ရပ်စောက်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွေ အတွင်းက ကျေးရွာတွေကို အကြိမ် ၂၀ ထက်မနည်း စည်းရုံးရေး ဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

CJ-001

#MeKongNews

#DPLA

#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး

#ရပ်စောက်

#ကောင်းဘို့

#စည်းရုံးရေးဆင်း

#စစ်ရေးလှုပ်ရှား

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now