မြန်မာ့နွေဦး

ဖားဆောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ဒေသခံတွေ ထိတ်လန့် ထွက်ပြေး

မဲခေါင် 19 Jun - 2023
မဲခေါင်၊ ဇွန် ၁၉ ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ်၊ ဖားဆောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ ဖားဆောင်း သတင်း ရင်းမြစ်တွေက မနေ့က ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ်၊ ဖားဆောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ ဖားဆောင်း သတင်း ရင်းမြစ်တွေက မနေ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၆ ရက်နေ့ ကတည်းက စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး လက်ရှိ သံလွင်မြစ် အရှေ့ဖက်ခြမ်းမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

“ရွာဘက်က လူတွေက လက်နက်ကြီးကျလို့ ပြေးကုန်ပြီ။ မြို့ပေါ်ကတော့ ပြေးလို့ မရဘူး။ သူတို့ လမ်းတွေ ပိတ်ထားတယ်။ ဖားဆောင်း PDF ကလည်း သွားလာတာတွေ မလုပ်ဖို့ သတိပေးထားတော့ မရှောင်ရဲကြဘူး။ ဒါပေမယ့် အခုလည်း ရာနှုန်းပြည့် အန္တရာယ်ကင်းနေတာ မဟုတ်ဘူးလေ” လို့ ဖားဆောင်း မြို့ခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျေးရွာတွေထဲ ကျရောက်မှာ စိုးရိမ်နေရသလို ကရင်နီ မဟာမိတ် တော်လှန်ရေး အင်အားစုတွေ ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ဖားဆောင်းမြို့ထဲကျမှာ စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။

ဖားဆောင်းမြို့နယ်ထဲမှာ လူဦးရေ ၂၀,၀၀၀ ကျော် နေထိုင်ပြီး လက်ရှိ လူဦးရေ ၁၀,၀၀၀ ခန့် ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်ဘက်ကို စစ်ဘေးရှောင်ဖို့ ထွက်သွားကြပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၄ ရက်နေ့က ဖားဆောင်းမြို့နယ်ထဲကို လေကြာင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲမဖြစ်တာ တစ်နှစ်ခွဲကျော် ကြာပြီ ဖြစ်ပြီး အခုတစ်ကြိမ် စစ်ကောင်စီတပ်တွေ စစ်ကြောင်း ပြန်ထိုးလာတာကြောင့် ကုန်ဈေးနှုန်း ထပ်တက်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

လက်ရှိ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်‌နေတဲ့ အဖွဲ့တွေထဲမှာ ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ လွိုင်ကော် PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် -EROs တွေ ပါဝင်တယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#ဖားဆောင်းမြို့နယ်

#စစ်ကြောင်းထိုး

#သံလွင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now