မြန်မာ့နွေဦး

ဖလံဂုဏ်ကျေးရွာကို စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှု PDF ရဲဘော် ၅ ဦးကျဆုံးပြီး ပြည်သူ ၅ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရ

မဲခေါင် 6 Mar - 2023
မဲခေါင်၊ မတ် ၆ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖလံဂုဏ်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့က စီးနင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၅ ဦး ကျဆုံးပြီး ပြည်သူ ၅ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွား ခံရတယ်လို့ ရေးဦးမြို့နယ် ပကဖ မှ ကိုရှောလူ က မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖလံဂုဏ်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့က စီးနင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၅ ဦး ကျဆုံးပြီး ပြည်သူ ၅ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွား ခံရတယ်လို့ ရေးဦးမြို့နယ် ပကဖ မှ ကိုရှောလူ က မဲခေါင်သတင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖလံဂုဏ်ကျေးရွာကို မနေ့ မနက်အစောပိုင်းမှာ ရုတ်တရက် စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး PDF ရဲဘော် ၅ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ခွေးတွေက မနက် ၃ နာရီလောက်ကတည်းက ဖလံဂုဏ်ကျေးရွာနားက တဲ ၂ လုံးကို ဝင်စီးပြီး နေနေတာ။ သူတို့ အေးအေးဆေးဆေး အနားယူပြီး မနက် ၅ နာရီလောက်မှ ရွာကို ဝင်စီးတာ။ ဒီလို ဝင်စီးလို့ ရဲဘော် ၅ ဦးကျပြီး ၂ ဦး ဒဏ်ရာရတယ်။ ပြည်သူ တစ်ဦးလည်း ဒဏ်ရာရတယ်’’ လို့ သူကပြောပါတယ်။

ဒါ့အပြင် ကျေးရွာနေ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားရာ လက်ရှိ သူတို့ရဲ့ အခြေအနေနဲ့ နာမည် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

“ဒီလို ဝင်ပစ်ပြီးတော့ ရွာမှာ တစ်နေကုန် နေသွားတယ်။ အိမ်တစ်လုံးကို မီးရှို့သွားတယ်။ ပြည်သူ ၅ ဦးကိုလည်း ဓားစာခံ လုပ်ပြီး ခေါ်သွားတယ်။ အခုတော့ စစ်ခွေးတွေ ဖလံဂုဏ် အရှေ့မြောက်ဘက်က ကျေးရွာတွေဘက်ကို ဆက်သွားတယ်လို့ သိရပါတယ်” လို့ ကိုရှောလူက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ရေဦးမြို့နယ် အတွင်းရှိ ကျေးရွာ ၅၂ က ပြည်သူပိုင် နေအိမ် ၃,၂၉၁ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ရေဦး-ပကဖ ရဲ့ စာရင်းတွေအရ သိရပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီဝန်ထမ်း၊ တပ်မိသားစုတွေ တရုတ်ဘက် ထွက်ပြေးဖို့ ညှိုနှိုင်းနေ

စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်က နန်းတုတ်ရွာကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်

ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြောင်းခြံတွေထဲ ကျပြီး မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွယ်ဂျယ်အနီးက အရေးပါတဲ့ ယောယုံစစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

တရုတ် - မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မတ်လ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ် ၂၈ ရက်နေ့ကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now