မြန်မာ့နွေဦး

ဖယ်ခုံမြို့က အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့ ရဲတပ်ကြပ် ရဲစခန်းပြန်လာစဥ် ဖမ်းဆီးခံရ

မဲခေါင် 30 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်က အိမ်ဆောက် ပစ္စည်းဆိုင်ကို ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ် တစ်ဦး စက်တင်ဘာ ၂၈ ရက်က ဓားပြတိုက်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်က အိမ်ဆောက် ပစ္စည်းဆိုင်ကို ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ် တစ်ဦး စက်တင်ဘာ ၂၈ ရက်က ဓားပြတိုက်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဖယ်ခုံမြို့မ ရဲစခန်း အနီးမှာရှိတဲ့ မြတ်စေတနာ အိမ်ဆောက် ပစ္စည်းဆိုင်ကို စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က ရဲတပ်ကြပ် မျိုးမင်းအောင် ဆိုသူ ဓားပြ တိုက်ခဲ့တာ ဖြစ်ပြီး ရဲစခန်း ပြန်လာစဥ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

“အဲ့ကောင်က အရင်တည်းက ၀ယ်နေကြပဲ။ ဆိုင်ရှင်နဲ့လည်း မျက်မှန်းတန်းမိတယ်။ ရဲမှန်းတော့ မသိဘူး ထင်ပါတယ်ဗျာ။ ၂၈ ရက်နေ့ ညနေပိုင်းကတော့ ငွေရေနေတဲ့ အချိန်မှာ ရောက်လာပြီး လက်နက်လို့ ထင်ရတဲ့ ဟာကို ပုဆိုးအုပ်ပြပြီး ခြိမ်းခြောက် ယူသွားတာ။ နှာခေါင်းစည်းလည်း မတပ်ထားတော့ လူကို မှတ်မိနေတာ” လို့ သူကရှင်းပြပါတယ်။

ဒီလို ခြိမ်းခြောက် ဓားပြတိုက်မှုကြောင့် ငွေကျပ် ၁၀ သိန်းခန့် ပေးလိုက်ရပြီးနောက် ရဲစခန်းကို သွားတိုင်စဥ် အဆိုပါ ရဲတပ်ကြပ်မျိုးမင်းအောင် ဆိုသူ ရဲစခန်း ပြန်လာချိန်နဲ့ တိုက်ဆိုင်ပြီး ဆိုင်ရှင်က အမှုဖွင့် တိုင်ကြားလို့ စစ်ဆေးရာ တိုက်ရာပါ ငွေတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရဲတပ်ကြပ်မျိုးမင်းအောင် ဆိုသူကို ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး ပါသွားတဲ့‌ငွေ ပြန်ရပြီလို့ ဆိုင်ရှင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်တပ်၀ါဒဖြန့် ချန်နယ်တွေမှာတော့ PDF တွေ ဓားပြတိုက်တာလို့ ၀ါဒဖြန့် ကာကွယ် ရေးသားနေတာကြောင့် ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းက ကူညီ စုံစမ်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့ပေါ်မှာ ခိုးမှု၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ခုံ-လွိုင်ကော် ကားလမ်းမဘေး၊ ကွမ်လုံကျေးရွာက နေမင်းသစ် ဆီဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေကို ဖမ်းမမိသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

MK-007

#MekongNews

#ဖယ်ခုံ

#ရဲတပ်ကြပ်

#ဓားပြတိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now