မဲခေါင်၊ ဇန်နဝါရီ ၁၆
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာနဲ့ ဆတ်သေချောင်းအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၈ နာရီ ၅၅ မိနစ်မှာ အင်အား ၃၃ ဦး ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၃) မှ ဒုတပ်ခွဲမှူးလင်းယုန် ဦးဆောင်တဲ့ လင်းယုန် စစ်ကြောင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်ပြီး အနီးအနားရှိ တောင်သူတွေရဲ့ ယာတဲ ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးရေး အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိခိုက် ဒဏ်ရာရရှိမှု နောက်ဆက်တွဲ အခြေအနေကို ဆက်လက် အတည်ပြု စုံစမ်းနေတယ်လို့လည်း Bago Region PDF ကထုတ်ပြန်ထားပါတယ်။
MK-003