မဲခေါင်၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူတွေဟာ ရှမ်းပြည် မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ကြိုဆိုကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ပုလဲမြို့နယ် ပြည်သူတွေက “၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို”၊ “ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ” စတဲ့ ဆောင်ပုဒ်တွေနဲ့ အတူ အောင်သပြေတွေ ကိုင်ဆောင်ကာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။
အဆိုပါ လှုပ်ရှားမှုမှာ ပုလဲလူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီက ပုလဲမြို့နယ် ပြည်သူတွေကို တော်လှန် ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည် မြောက်ပိုင်းမှာ မဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းအမျိုးသား တပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး ၁၁ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
MK-009
#MeKongNews
#ပုလဲမြို့နယ်
#ဖက်ဆစ်တပ်
#၁၀၂၇_စစ်ဆင်ရေး