မြန်မာ့နွေဦး

ပအို၀်း စစ်တပ်ဖွဲ့စည်းမယ်လို့ PNFC အသိပေး

မဲခေါင် 15 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၅ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ကဦးဆောင်ပြီး ပအို၀်းပြည်သူ့ကာကွယ်‌ရေးတပ်မတော်(ခမ်းဒွမ်) နဲ့ (ခမ်းကောင်)ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ပအို၀်းစစ်တပ်ကို တည်ထောင်တော့မှာ ဖြစ်တယ်လို့ PNFC က ဒီကနေ့ဇူလိုင်လ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၅

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ကဦးဆောင်ပြီး ပအို၀်းပြည်သူ့ကာကွယ်‌ရေးတပ်မတော်(ခမ်းဒွမ်) နဲ့ (ခမ်းကောင်)ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ပအို၀်းစစ်တပ်ကို တည်ထောင်တော့မှာဖြစ်တယ်လို့ PNFC က ဒီကနေ့ဇူလိုင်လ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပအို၀်းပြည်သူ့ကာကွယ်‌ရေးတပ်မတော် (ခမ်းဒွမ်) နဲ့ (ခမ်းကောင်) ပေါင်းစည်းပြီး ပအို၀်းအမျိုးသားရေးကို လက်တွဲညီညီလုပ်ဆောင်နိုင်ဖို့ ပအို၀်းစစ်တပ် ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာဖြစ်ပြီး ပအို၀်းလူငယ်တွေ အနေနဲ့ ပါဝင်ဖို့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

ကနဦး ဖွဲ့စည်းပုံအရ ပအို၀်းစစ်တပ်ကို တပ်နယ်(၁) သထုံ ခမ်းဒွမ်၊ တပ်နယ်(၂) ဖားအံခရိုင် ခမ်းဒွမ် ၊ တပ်နယ်(၃) ရှမ်းပြည်နယ် ခမ်းကောင်ဆိုပြီး တပ်နယ်(၃) ခုနဲ့ စတင်ဖွဲ့စည်းမယ်လို့ ပအို၀်းအမျိုးသား ဖက်ဒရယ်ကောင်စီက အသိပေးထားပြီး တပ်သားသစ်တွေကို လက်ခံနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပအို၀်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တည်ထောင်မှု (၇၂) နှစ်ပြည့်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ပအို၀်းစစ်တပ် တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စရပ် အသေးစိတ်ကို သိရှိနိုင်ဖို့ မဲခေါင်သတင်းဌာနအနေနဲ့ PNFC ပြန်ကြားရေး တာဝန်ရှိသူတွေဖြစ်တဲ့ ကိုခွန်‌ဝေထူးနဲ့ ကိုခွန်၀ါး တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

တစ်ဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းထားတဲ့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအို၀်း အမျိုးသားတပ်မတော်- PNA/PNO ဟာ ပအို၀်းလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး နဲ့ ပင်လောင်းမြို့နယ်တွေကို ချုပ်ကိုင်ထားပြီး ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီနဲ့ စစ်ရေး၊ စီးပွားရေး လက်တွဲဆောင်ရွက်နေတဲ့ PNA/PNO ပြည်သူ့စစ်တပ်ဖွဲ့ကို ၁၉၄၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ပအို၀်းလူမျိုးတွေအပေါ်မှာ လူမျိုးရေးအရ သွေးခွဲသပ်လျှိုမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပအို၀်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေတာကြောင့် စစ်တပ်နဲ့ အကျိုးတူပူးပေါင်းနေတဲ့ ပအို၀်းအမျိုးသားအဖွဲ့ချုပ်-PNO/PNA ပြည်သူ့စစ်နဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ တင်းမာလာနိုင်တာနဲ့ ပတ်သက်ပြီး ရှင်းရှင်းဖော်ပြထားခြင်း မရှိပါဘူး။

MK-007

#MekongNews

#ပအိုဝ်းတပ်မတော်

#PNFC

#ဆီဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now