မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးအတွက် “ပြည်တော်ဝင်” အနုပညာပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်

မဲခေါင် 10 May - 2023
မဲခေါင်၊ မေ ၁၀ နွေဦးတော်လှန်ရေး အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့တပ်သားတွေကို ကြိုဆိုဖို့ ရှေ့ပြေး နိမိတ်ဖြစ်တဲ့ “ပြည်တော်ဝင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာပြိုင်ပွဲ Art Challenge ပြုလုပ်နေတယ်လို့ CRPH – OFP Fundraising Program ရဲ့ လူမှုကွန်ရက် စာမျက်နှာက ကြေညာထားပါတယ်။

မဲခေါင်၊ မေ ၁၀

နွေဦးတော်လှန်ရေး အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့တပ်သားတွေကို ကြိုဆိုဖို့ ရှေ့ပြေး နိမိတ်ဖြစ်တဲ့ “ပြည်တော်ဝင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာပြိုင်ပွဲ Art Challenge ပြုလုပ်နေတယ်လို့ CRPH – OFP Fundraising Program ရဲ့ လူမှုကွန်ရက် စာမျက်နှာက ကြေညာထားပါတယ်။

ပြိုင်ပွဲခေါင်းစဉ်ကို “ပြည်တော်ဝင်” လို့ သတ်မှတ်ထားကာ ပြိုင်ပွဲဝင်တွေ နှစ်သက်သလို ရေးဆွဲ ပုံဖော်နိုင်မှာ ဖြစ်ပြီး သတ်မှတ်ချက် တခု အနေနဲ့ နွေဦးတော်လှန်ရေး အငွေ့အသက်တွေ ထည့်ပေးဖို့နဲ့ အနုပညာ လက်ရာတွေကို ပေးပို့ရာမှာ ရှင်းလင်းချက် အနည်းငယ် ရေးသားပေးရမယ်လို့ သိရပါတယ်။

“ပြည်တော်ဝင်” Art Challenge မှာ ခေါင်းစဉ် ၂ မျိုး ပါဝင်မှာဖြစ်ပြီး Digital Artwork ခေါင်းစဉ်အောက်က ပန်းချီ၊ ကာတွန်း၊ ပိုစတာ နဲ့ Physical Artwork ခေါင်းစဉ်အောက်ကနေ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံနဲ့ ပါဝင်ယှဉ်ပြိုင်လို့ ရမှာ ဖြစ်ပါတယ်။

အဆိုပါ Challenge အတွက် အနုပညာ လက်ရာတွေကို မေလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ https://t.me/pyitawwinn ကနေ တဆင့် ပေးပို့ရမှာဖြစ်ပြီး ကြည့်ရှုသူတွေ အနေနဲ့ မေလ ၂၀ ရက်နေ့ထိ Vote ပေးနိုင်မှာဖြစ်ကာ ဆုရသူတွေကိုတော့ မေလ ၂၂ ရက်မှာ ကြေညာမယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေ ပေးပို့ထားတဲ့ လက်ရာတွေကို ပိတောက်ဖူး ဖေ့ဘုတ်စာမျက်နှာမှာ ဖန်တီးသူရဲ့ နာမည်နဲ့ တကွ တင်ထားပြီး အနိုင်ရရှိသူတွေကို လူထုအမှတ်ပေး စနစ်နဲ့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေ အတွက် ဆုငွေအဖြစ် ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်၊ တတိယဆု တစ်သိန်းကျပ်၊ နှစ်သိမ့်ဆု ၅ သောင်းကျပ်နဲ့ ပါဝင်ယှဉ်ပြိုင်မှုဆု ၃ သောင်းကျပ် ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။

ပြိုင်ပွဲအတွက် လက်ခံရရှိတဲ့ အနုပညာ လက်ရာတွေကို နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် အလျဉ်းသင့်သလို ရန်ပုံငွေ ရှာနိုင်ဖို့ ပြခန်းတွေမှာ ပြသတာ၊ merchandise product တွေ ထုတ်လုပ်တာအပြင် တချို့ လက်ရာတွေကို ပြည်တော်ဝင် စတင်ချိန်မှာ ပံ့ပိုးဖို့ ပြန်လည် အသုံးပြုမှာဖြစ်ပြီး အနုပညာရှင်တွေကို ဉာဏ်ပူဇော်ကြေးတွေ အလျဉ်းသင့်သလို ပေးအပ်မယ်လို့ သိရပါတယ်။

MK-009

#MeKongNews

#ပြည်တော်ဝင်

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#Art-Challenge

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now