မြန်မာ့နွေဦး

နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ကောင်စီ လူလှိုင်းစစ်ဆင်ရေး အသုံးပြုလာ၊ ပစ်မနိုင်တော့လို့ ပြန်ပါ ဆုတ်ရလို့ MDY PDF ဆို

မဲခေါင် 30 Apr - 2023
မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဗျူဟာကျစစ်ဆင်ရေးတွေ မလုပ်တော့ပဲ လူလှိုင်းစစ်ဆင်ရေး တွေ သုံးလာပြီး MDY PDF ထံကနေ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဗျူဟာကျစစ်ဆင်ရေးတွေ မလုပ်တော့ပဲ လူလှိုင်းစစ်ဆင်ရေး တွေ သုံးလာပြီး MDY PDF ထံကနေ သိရပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် သိမ်းပိုက်ထားတဲ့ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို စစ်ကောင်စီက ပြန်သိမ်းဖို့ကြိုးစားရာမှာ ဗျူဟာကျ စစ်ဆင်ရေးတွေနဲ့လာတိုက်တာ မဟုတ်ဘဲ လူလှိုင်းစစ်ဆင်ရေးနဲ့ လာတိုက်ခိုက်ပြီး PDF တွေဘက်က ပစ်လို့မနိုင်တော့တဲ့အထိ ဖြစ်လာကာ ပြန်ဆုတ်ပေးရတယ်လို့ MDY PDF က ရဲဘော် ကိုဇော်ကြီးက ဒီနေ့ မဲခေါင်သတင်းကိုပြောပါတယ်။

“အဲ့ဒီ ကိစ္စကဟုတ်တယ်ဗျ။ ကျွန်တော်တို့ အရှေ့ပိုင်းတုန်းက သူတို့ဆီက ကုန်းတစ်ကုန်းကို သိမ်းထားပြီးတဲ့နောက်ပိုင်းမှာ သူတို့က အဲ့ကုန်းကို ပြန်ရဖို့ကြိုးစားတယ်။ အာ့ကုန်းပေါ်မှာ ကျွန်တော်တို့ လူအများကြီးတော့မရှိဘူး။ အာ့ချိန်မှာ သူတို့က လူအားကိုသုံးပြီး အများကြီးပဲ လာတိုက်တာပေါ့နော်။ သူတို့ဘက်ကတော်တော်လေးလဲ ကျတာပေါ့။ မျက်စိထဲ မြင်အောင် ပြောပြရရင် သူတို့ဘက်က လူအင်အားအများကြီးသုံးပြီး ကုန်းကို လာတိုက်တာပေါ့။ ဒီအချိန်မှာ ကျွန်တော်တို့ပစ်လို့ သူ့တို့ဘက်က သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေရှိတယ်ပေါ့နော်။ အဲဒီအချိန်မှာတောင်မာ လူအင်အားနဲ့ အတင်းတတ်တိုးတာပေါ့နော်။ တိုးတဲ့ပုံစံက အောက်မှာလည်း အလောင်းတွေအများကြီးပဲ။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ဒါကိုမှ အဲဒါတွေကို နင်းဖြတ်ကျော်ခွပြီး တတ်လာတယ်။ အမိန့်ပေးတဲ့ လူကလည်းတကယ်ပေးသလို တတ်လာတဲ့ စကစ တွေကလည်း အလုံးအရင်းကို တတ်လာတာ” လို့သူကပြောပြပါတယ်။

ဒီလို စစ်ရေးဗျူဟာ မရှိပဲ လူအင်အားကို သုံးကာ ဇွတ်တတ်လာတာဟာ သာမန်လူတစ်ယောက်အဖို့ မဖြစ်နိုင်ပဲ စိတ်ကြွမူးယစ်ဆေး၀ါးသုံးမှပဲ ဒီလို စစ်သွေးကြွပြီး တတ်လာရဲမှာလို့ ကိုဇော်ကြီးက သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။

“ကျွန်တော့် ယူဆချက်အရကတော့ ဟိုး အရှေ့က ကြားဖူးတာတွေရောဆိုရင် များသောအားဖြင့် အဲဒီလို လုပ်နိုင်ဖို့ ဆိုရင် မူးယစ်ဆေး သုံးမှပဲ အဆင်ပြေမယ်ဗျ။ ပုံမှန်စိတ်နဲ့ ဘယ်လိုမှ အဲ့လို လုပ်ဖို့က မလွယ်ဘူးဗျ။ သာမန်လူ ဆိုရင် ဒီလိုမျိုးလုပ်နိုင်စရာ အကြောင်းကို မရှိတာ”လို့သူကပြောပါတယ်။

လူလှိုင်း စစ်ဆင်ရေးကို အာဏာသိမ်းစစ်တပ်က အသုံးပြုလေ့ရှိပြီး ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လော့ဒန်စခန်းသိမ်းတိုက်ပွဲမှာလည်း ကိုယ်တိုင်တွေ့ကြုံခဲ့ရတယ်လို့ ရှမ်းအရှေ့က CDM စစ်သားအရာရှိ ဗိုလ်နတ်သားက မဲခေါင်သတင်းကို ပြောပြပါတယ်။

“ ကျွန်တော်ကိုယ်တိုင် အတွေ့အကြုံရတာတော့ ၂၀၁၁ ကချင်ပြည်နယ် လော့ဒန်စခန်းသိမ်းတိုက်ပွဲပဲ။ အရှေ့မှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်မှာ လုပ်ခဲ့တယ်လို့သိရတယ်။ အခြားဟာတွေလည်း ရှိပါသေးတယ်။ စကခ၂၁ နဲ့ ၃ ၊ တမခ ၈၈ တို့ပေါင်းတိုက်တာ စစ်ကြောင်း ၁၁ ကြောင်းခွဲလိုက်တာ။ ၇ ရက်ကြာတယ်။ ဒီဘက်က ကုန်တာပဲလေ။ ကိုယ်တိုင် သွားကောက်ရတာကို ၁၀၀ကျော်တယ်။ စခန်း ရလိုက်တယ်။ သိမ်းလို့ရတာ မဟုတ်ဘူး ။ ကချင်တွေက ဆုတ်သွားတာ။ စစ်ကြောင်းတစ်ကြောင်းကို ၁၀၀ နဲ့ ၁၂၀ ကြားရှိတယ်။ ကချင်ဘက်က ခုခံတာ စက်လက် ၂ လက်တည်းနဲ့ပစ်တာ။ ကျွန်တော်လည်း ရှေ့တန်းရောက်နေတော့ အသေအပျောက်ကို အတိအကျမသိဘူး။ တိုက်ပွဲမှာက ကျတဲ့ သူတွေရဲ့ လက်နက်ကို ပြန်အပ်ရတယ်လေ။ ကျွန်တော် အပ်ပေးခဲ့တာပဲ ၂၀၀ ကျော်တယ်။ မှတ်မှတ်ရရ ကျွန်တော်လက်နက် ပြန်ပို့တဲ့ကားကို KIA က မိုင်းဆွဲတာ ကံကောင်းလို့ မထိခဲ့တာ။ ခန့်မှန်ခြေ ၃၀၀ ကျော်လောက်သေတယ်။ ကျန်တာ ဒဏ်ရာရတယ်။ စစ်ကြောင်းမှူး ၃ ဦးဆိုရူးသွားတယ်။ ဗိုလ်မှူးကြီး မဒန်တောင်သာ အခုတော့ ဘာရာထူးလဲမသိဘူး။ KIA ဘက်က သူဦးစီးတာ။ ၁၂၀ တွေကို မိုးမောက် ကျောက်စခန်းရွာ စာသင်ကျောင်းထဲမှာ ထားပြီးပစ်တာ။ စခန်းကိုတော့ရလိုက်တယ်။ ကျနော်တို့ တပ်မက တပ်သိမ်းစရာ လူမရှိတော့လို့ တပ်မ ၈၈ က လာသိမ်းပေးရတာ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရ တဲ့ လူလှိုင်းစစ်ဆင်ရေး အတွေ့အကြုံကို သူကပြောပြပါတယ်။

နောင်ချို-ပြင်ဦးလွင် နယ်စပ် တိုက်ပွဲတွေမှာ ဒီလို လူလှိုင်း စစ်ဆင်ရေးသုံးဖို့ အင်အားမလောက်ပေမဲ့ ဖြစ်နိုင်ချေရှိသလို လလူလှိုင်းစစ်ဆင်ရေးမှာပါတဲ့ စစ်သားတွေဟာ မူးယစ်ဆေးမသုံးဘဲ ပုံမှန်စိတ်နဲ့လည်း ဒီလိုလုပ်နိုင်တယ်လို့ ဗိုလ်နတ်သားက ပြောပါတယ်။

“အရင်ကတော့ မဖြစ်မနေ သိမ်းကို သိမ်းရမဲ့ ဟာတွေကိုဆို စစ်ကြောင်းမှူးက အမိန့်ပေးလိုက်တယ်။ အရှေ့တတ်တိုက်မလား၊ အနောက်မှာ စစ်ခုံရုံးမှာ ပစ်သတ်ခံမလား၊ ထောင်ကျမလား စသဖြင့် ရွေးချယ်ခိုင်းလိုက်တာ။ လူလှိုင်း စစ်ဆင်ရေးလုပ်ရင် အင်အားကို အများကြီးသုံးရတာ။ စစ်သားတွေကို ရင်ပေါင်တန်းပြီး အတန်းလိုက် တည့်ပစ်ပြီး တတ်တာ ။ တစ်တည်းကုန် ရှေ့နည်းနည်းရောက် နောက်တစ်တန်းကုန် ရှေ့နည်းနည်းရောက်၊ အဲ့လိုကိုတတ်ရတာ” လို့သူကပြောပြပါတယ်။

ဒီလို ဖြစ်ရပ်မျိုးတွေက ကရင်ပြည်နယ်က ဟိုးယခင်တိုက်ပွဲတွေမှာလည်းဖြစ်ဖူးပြီး တတ်လာတဲ့ စစ်သားတချို့ သေနတ်တောင်မကိုင်လာ၊ အကာအကွယ်လည်းမပါပဲ လက်ဗလာနဲ့တတ်လာပြီး ပစ်သတ်ရတဲ့ သေနတ်တွေပါ ပြောင်းအပူလွန်ပြီး ကွဲထွက်တာတွေဖြစ်ခဲ့ဖူးတယ်လို့ KNLA အရာရှိတစ်ဦးကပြောပါတယ်။

နောင်ချိုမြို့နယ်မှာ ရှိတဲ့ စစ်တပ်စခန်းကုန်းတစ်ခုကို MDY PDF က ဧပြီလ ၅ ရက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ နောင်ချို-ပြင်ဦးလွင်နယ်စပ်တွေမှာ တိုက်ပွဲတွေ ဒီကနေ့ အချိန်ထိ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ထိ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက မြေပြင်မှာအင်အားထောင်ဂဏန်းထိ အသုံးပြုကာ တိုက်ခိုက်နေတဲ့ အပြင် စစ်တိုက်လေယာဥ်တွေနဲ့ ၃၃ ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ MDY PDF က ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေ အတွင်း စစ်တပ်ဒုဗိုလ်မှူးကြီး မြတ်ထွန်ဦး ၊ တပ်ခွဲမှူး ၂ ဦး အပါအ၀င် စစ်သား ၁၀၀ ကျော်သေဆုံးကာ MA- 3 (၃) လက် နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ပုံအညွှန်း – စစ်ကောင်စီတပ်သားများ လူလှိုင်းစစ်ဆင်ရေးလေ့ကျင့်နေစဉ်
MK-007

#MeKongNews

#လူလှိုင်းစစ်ဆင်ရေး

#MDYPDF

#နောင်ချို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ ပျက်စီး

စစ်ကောင်စီရဲ့ ဆိုက်ခေါင်အထိုင်ချ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မွေတော်ဘုရားကုန်း ပျက်စီးနေတဲ့ပုံတွေ ဒေသသတင်းအရင်းအမြစ်တွေ လူမှုကွန်ရက်မှာဖော်ပြပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးဒေသရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းစာရင်းနဲ့ ထောက်ပံ့ငွေ လိုက်ကောက်နေ

ညောင်ရွှေမြို့နယ် ကျေးရွာအားလုံးကို စစ်မှုထမ်းဖို့ နာမည်စာရင်းတွေနဲ့အတူ ထောက်ပံ့ငွေပေးဖို့ တစ်အိမ် ကျပ် ၂ သောင်းကို အုပ်ကြီးတွေက ကောက်ခံနေတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီဝန်ထမ်း၊ တပ်မိသားစုတွေ တရုတ်ဘက် ထွက်ပြေးဖို့ ညှိုနှိုင်းနေ

စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်က နန်းတုတ်ရွာကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်

ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြောင်းခြံတွေထဲ ကျပြီး မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွယ်ဂျယ်အနီးက အရေးပါတဲ့ ယောယုံစစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

တရုတ် - မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မတ်လ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ် ၂၈ ရက်နေ့ကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now