မြန်မာ့နွေဦး

နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

မဲခေါင် 21 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၁ KIO/KIA ဌာနချုပ်ရှိရာ အနီးက နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုး ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ လက်ရှိအထိ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်း ရင်းမြစ်တွေ ဆီကသိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၁

KIO/KIA ဌာနချုပ်ရှိရာ အနီးက နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုး ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ လက်ရှိအထိ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်း ရင်းမြစ်တွေ ဆီကသိရပါတယ်။

ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းကလည်း နမ်ဆန်ယန်အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မနေ့ကဇူလိုင်လ ၂၀ ရက် မနက်ပိုင်းမှာတော့ ဂျာပူ (မလန်းယန်) မှာရှိတဲ့ စစ်ကောင်စီ တပ်အဟောင်းမှာ ပြန်လည် စခန်းအထိုင်ချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီအဖွဲ့ကို KIA ဘက်က တိုက်ခိုက် မောင်းထုတ်လိုက်တယ်လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

“အခုလေးတင် ကျနော့် အနီးနားဘက်ပဲ လက်နက်ကြီးကျလာပြီ။ လန့်သွားတာပဲ။ တဒုန်းဒုန်းနဲ့ အသားကုန် ချလာပြီ၊ ဂျာပူရွာ အနီးနား မွှေနောက်နေတဲ့ စစ်ကောင်စီတွေ အားလုံးကို KIA ဘက်က မောင်းထုတ် လိုက်တာ။ ပြေးလမ်းတောင် မမြင်ကြဘူး” လို့ ဒီမနက်တိုက်ပွဲတွေအကြောင်း ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပြပါတယ်။

စစ်တပ်ဘက်က စခန်းအထိုင်ချဖို့ ရောက်လာတာကို KIA ဘက်က သိသွားလို့ လာရောက်ပစ်ခတ်ရာက တိုက်ပွဲ ဖြစ်လာတာလို့ ဒေသခံ ၁ ဦးက လည်း ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က ဗန်းမော်ဘက်ကနေ နမ်ဆန်ယန်ဘက် စစ်ကူ အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို လဂျားယန်မှာ KIA ဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

လဂျားယန် တံတားထိပ်နားမှာလည်း စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်တာများ ပေမယ့် အတိအကျတော့ မသိရဘူးလို့ သူက ပြောပါတယ်။

KIO/KIA ဌာနချုပ်ရှိရာ အနီးက နမ်ဆန်ယန်အနီးမှာ အခုလ ဇူလိုင် ၃ ရက်နေ့ကစ စစ်ကောင်စီနဲ့ KIA တို့အကြား ကျော့ပြန်တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး စစ်ကောင်စီဘက်က ဗန်းမော်လမ်းကြောင်းနဲ မြစ်ကြီးနားလမ်ကြောင်း ဘက်တွေကနေ နေ့စဉ် စစ်ကူအင်အားဖြည့်နေပြီး နှစ်ဖက် တိုက်ပွဲတွေလည်း လက်ရှိထိ နေ့တိုင်းနီးပါ ဖြစ်ပွားနေတာဖြစ်ပါတယ်။

CJ-008

#MeKongNews

#KIA

#စစ်ကောင်စီ

#တိုက်ပွဲ

#နမ်ဆန်ယန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now