မြန်မာ့နွေဦး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ရွာငံဒေသက နေအိမ်တွေကို စစ်တပ် မီးရှို့

မဲခေါင် 1 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - DPLA (ဓနုအာမီ) ဖွဲ့စည်းပြီးကြောင်း ကြေညာပြီးနောက် မနေ့က ရွာငံမြို့နယ်၊ လွှစင်ကျေးရွာနဲ့ ပဲရင်းတောင်ကျေးရွာ တွေက နေအိမ် တချို့ကို စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLA (ဓနုအာမီ) ဖွဲ့စည်းပြီးကြောင်း ကြေညာပြီးနောက် မနေ့က ရွာငံမြို့နယ်၊ လွှစင်ကျေးရွာနဲ့ ပဲရင်းတောင်ကျေးရွာ တွေက နေအိမ် တချို့ကို စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ပျူစောထီး အင်အား ၃၀ ခန့်ဟာ ရွာငံမြို့နယ်၊ လွှစင်ကျေးရွာရှိ ဦးဘဝေ နဲ့ ကိုစိုးထွဋ် တို့ နေအိမ်တွေကို မီးရှို့ခဲ့ပြီး ဦးဘဝေ ရဲ့ သားအကြီးဖြစ်သူ ကိုဝင်းသိန်းကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။

“ကား ၃ စီး၊ ဆိုင်ကယ်တစ်စီး၊ ခွေး (စစ်တပ်)ရောပါတယ်။ လူ ၃၀ ဝန်းကျင်၊ ပျူစောထီး ပိုများတယ်။ ဖမ်းသွားတာက လွှစင်က ကိုမြင့်ဦး နဲ့ ဦးဘဝေ သားအကြီး ကိုဝင်းသိန်း ကိုဖမ်းသွားတယ်။ သူ့အဖေကို ရှာမရလို့ ကိုဝင်းသိန်း ကို ခေါ်သွားတာ။ ပြီးတော့ ပဲရင်းတောင်က ကိုသန်းစိုး နဲ့ ဦးတင်ဦး။ ဦးတင်ဦး ဆိုရင် တော်လှန်ရေးနဲ့ ဘာမှမဆိုင် ဘာမှလည်း မလုပ်ဖူးဘူး။ ဘာလို့ ဖမ်းသွားလဲ မသိဘူး” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လွှစင်ရွာကို ဝင်ပြီးတဲ့နောက် လမ်းမကြီး တစ်ဘက်ခြမ်းမှာရှိတဲ့ ပဲရင်းတောင်ရွာက အိမ် ၂ လုံးကိုလည်း မီးထပ်ရှို့ပြီး ဦးမြင့်ဦး၊ ကိုသန်းစိုး၊ ဦးတင်ဦး တို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေ လအတော်ကြာ တပ်စွဲ စိုးမိုးခံထားရတဲ့ လွှစင်ရွာက ဒေသခံ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် လူငယ်တွေဟာ မကြာခဏ ဖမ်းဆီး နှိပ်စက် ခံနေကြရပါတယ်။

ပဲရင်းတောင်ရွာဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ တိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်ခံခဲ့ရ သလို ဒေသခံ ရွာသား ၉ ဦးကိုလည်း စစ်တပ်က PDF လို့ စွပ်စွဲကာ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ရွာ ဖြစ်ပါတယ်။

စစ်တပ် လက်အောက်ခံ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLA ဖွဲ့စည်းပြီးကြောင်း ကြေညာပြီးနောက် စစ်တပ်နဲ့ ပျူစောထီးတွေဟာ ပင်းတယနဲ့ ရွာငံဒေသမှာ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာတွေ ကြမ်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်က မီးရှို့ခံရတဲ့ ပဲရင်းတောင်ရွာမှ နေအိမ် တချို့ (ပုံဟောင်း)

CJ-001

#MeKongNews

#ရွာငံ

#ပျူစောထီး

#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now