မြန်မာ့နွေဦး

“ဒုတ်များဖြည့်တင်းဖို့ကူရင်း ကားယူစို့” ကမ်ပိန်း အောင်မြင်ရေး ကူညီကြဖို့ KNDF တပ်ရင်း (၁၂) တိုက်တွန်း

မဲခေါင် 2 Aug - 2023
ဒုတ်များဖြည့်တင်းဖို့ကူရင်း ကားယူစို့” ပေါက်ရင်ယူ မပေါက်ရင်လှူ ကမ်းပိန်း ပြီးဆုံးဖို့ ၅ ရက်သာ ကျန်တော့တဲ့ လက်ရှိအချိန်ထိ ၆၀ ရာခိုင်နှုန်းသာ ရသေးတာကြောင့် ဝိုင်းဝန်း ကူညီပေးကြဖို့ KNDF တပ်ရင်း အမှတ် (၁၂) တပ်ရင်းမှူးက တိုက်တွန်းပြောဆို လိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၂

“ဒုတ်များဖြည့်တင်းဖို့ကူရင်း ကားယူစို့” ပေါက်ရင်ယူ မပေါက်ရင်လှူ ကမ်းပိန်း ပြီးဆုံးဖို့ ၅ ရက်သာ ကျန်တော့တဲ့ လက်ရှိအချိန်ထိ ၆၀ ရာခိုင်နှုန်းသာ ရသေးတာကြောင့် ဝိုင်းဝန်း ကူညီပေးကြဖို့ KNDF တပ်ရင်း အမှတ် (၁၂) တပ်ရင်းမှူးက တိုက်တွန်းပြောဆို လိုက်ပါတယ်။

ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF တပ်ရင်း အမှတ် (၁၂) အတွက် လက်နက်ဖြည့်တင်းဖို့ ပြုလုပ်တဲ့ ဒီကမ်ပိန်းဟာ ဩဂုတ်လ ၇ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ကမ်ပိန်း ၆၀ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။

“ကျွန်တော်တို့ တပ်ရင်းမှာ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် စိတ်ဆန္ဒရှိတိုင်း မတိုက်နိုင်ခဲ့ဘူး။ လက်နက်များ မဖြည့်ဆည်းပေးနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရဲဘော်တွေလည်း မျက်နှာငယ်ခဲ့ရပါတယ်။ ဒါကြောင့် မိဘပြည်သူများလည်း ဒီကမ်ပိန်းကို ဆက်လက်ပြီးတော့ ပါဝင်ပေးကြဖို့ ကျွန်တော့် အနေနဲ့ မေတ္တာရပ်ခံပါတယ်” လို့ KNDF တပ်ရင်းအမှတ် (၁၂) တပ်ရင်းမှူးက ပြောပါတယ်။

လက်ရှိမှာ ” ဒုတ်များဖြည့်တင်းဖို့ကူရင်း ကားယူစို့” ကမ်ပိန်း ကံစမ်းမဲ လက်မှတ် တစ်စောင် ၁၅,၀၀၀ ကျပ်နဲ့ ဩဂုတ်လ ၇ ရက်နေ့အထိ ရောင်းချနေတာဖြစ်ပြီး ကမ်ပိန်း ကာလအတွင်း ကံစမ်းမဲ အစောင် ၄,၀၀၀ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ကံစမ်းမဲ ဆုလက်ဆောင်တွေကတော့ ပထမဆု CRV RD-5 ကားတစ်စီး၊ ဒုတိယဆု ရွှေဆွဲကြိုး တစ်ကုံး၊ တတိယဆု laptop တစ်လုံး ၊ စတုထ္တဆု Redmi Note 12 pro ဖုန်းတစ်လုံးတို့ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ တပ်ရင်းမှာ လက်နက်ခဲယမ်းတွေ မလုံလောက်တဲ့ အတွက်ကြောင့် ဒုတ်များဖြည့်တင်းဖို့ ကူရင်း ကားယူစို့ ကမ်ပိန်းကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အခုလည်း ၁၀၀ ရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းပဲ ရရှိသေးတယ်” လို့ KNDF တပ်ရင်း (၁၂) တပ်ရင်းမှူးက ပြောပါတယ်။

ဒီကမ်ပိန်းက ရတဲ့ ငွေတွေနဲ့ ရဲဘော်တွေအတွက် လက်နက်များ ဖြည့်တင်းသွားမှာဖြစ်ပြီး ကမ်းပိန်း မအောင်မြင်ရင် တပ်ရင်း အနေနဲ့ အခက်အခဲများစွာ ရင်ဆိုင်ရနိုင်လို့ အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီပေးကြဖို့ KNDF တပ်ရင်း (၁၂) က တိုက်တွန်းထားပါတယ်။

CJ-002

#MekongNews

#ဒုတ်များဖြည့်တင်းဖို့ကူရင်းကားယူစို့

#KNDF

#လက်နက်ခဲယမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now