မြန်မာ့နွေဦး

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို သိမ်းပိုက်နိုင်ပြီလို့ PKPF အတည်ပြု

မဲခေါင် 14 Jun - 2023
မဲခေါင်၊ ဇွန် ၁၄ ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု-PKPF က ဒီကနေ့ ပတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇွန် ၁၄

ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု-PKPF က ဒီကနေ့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီတပ် စခန်းတွေဖြစ်တဲ့ BP-14၊ 15၊ 16 နဲ့ မယ့်စဲမြို့မရဲစခန်း၊ BP-16 တောင်လှရဲစခန်းတို့ကို KNDF တပ်ဖွဲ့နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ခုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ KNDF ရဲဘော် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“ ဟုတ်ပါတယ်။ကျွန်တော်တို့ KNDF တပ်ရင်း တစ်ချို့နဲ့ ဒေသခံ အတွေ့အကြုံရင့် EAOs ၃ ဖွဲ့ပူးပေါင်းပြီး 4K တပ်ပေါင်းစု အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စကစ ဂိတ်စခန်းတွေဖြစ်တဲ့BP 14၊ BP 15၊ BP 16 ရဲ့စခန်းဖြစ်တဲ့ တောင်လှရဲစခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းကို သိမ်းနိုင်ခဲ့တာပါ။ အလုံးစုံ သိမ်းနိုင်ပြီလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီတပ်သား အသေအပျောက်များတယ်။ လက်နက်တွေလည်း တော်တော်ရထားတယ်။ အတိအကျ ကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေ ထုတ်ပြန်တာကို စောင့်ပေးပါခင်ဗျာ” လို့ သူကပြောပါတယ်။

ဒီစခန်းသိမ်း တိုက်ပွဲတွေကို အတွေ့အကြုံရင့် EAOs အဖွဲ့ ၃ ခုနဲ့ ပူးပေါင်း တိုက်ခဲ့တာဖြစ်ပြီး အခုလို တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်မယ်လို့ KNDF ရဲဘော်က ပြောဆိုပါတယ်။

မယ့်စဲ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၃ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ရာ စခန်းမှူး အပါအဝင် ၂၀ ဦးထက်မနည်း သေပြီး လက်နက်ခဲယမ်းတွေ ရခဲ့တယ်လို့ မဲခေါင်သတင်းဌာနရဲ့ သတင်းရင်းမြစ်က အတည်ပြု ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် ချန်နယ်တွေကတော့ ထိုင်း-ကရင်နီ နယ်စပ် စခန်းတွေ အသိမ်းခံရတာ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကျအဆုံး များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ ဝါဒဖြန့် ရေးသားနေဆဲ ဖြစ်ပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်က အရေးပါတဲ့ စခန်းတွေဖြစ်တဲ့ မယ့်စဲ၊ မယ်စနယ်၊ တောင်လှစခန်းတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း တိုက်ပွဲ မဖော်ဆောင်နိုင်ခဲ့ဘဲ အခုလို သိမ်းပိုက်နိုင်ခဲ့တာဟာ ကရင်နီ တော်လှန်ရေး အင်အားစုတွေရဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မှုကို ပြသနေတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပါတယ်။

MK-007

#MeKongNews

#ထိုင်း-ကရင်နီ

#PKPF

#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now